Teach

လူ႔ပတ္ဝန္းက်င္မွာ သင္ လိုက္နာသင့္တဲ့ က်င့္ဝတ္ေလးေတြ……

လူ႔ပတ္ဝန္းက်င္တြင္ လိုက္နာသင့္ေသာ လူ႔က်င့္ဝတ္မ်ား

ဖုန္းမေျဖရင္ ၂ခါထက္ပိုမေခၚပါနဲ႔။မိမိဖုန္းေျဖဖို႔ထက္အေရးတႀကီးလုပ္ေနတယ္လို႔မွတ္။ ကိုယ္ေျပာခ်င္တဲ့အေၾကာင္းေလးစာပို႔ထားလိုက္။

ပိုက္ဆံေခ်းထားရင္ နည္းမ်ားမဆိုျပန္ေပးပါ။ ပစၥည္းငွားထားရင္လဲ အပ္တိုတစ္ေခ်ာင္းကအစ၊ ေဘာပင္၊ စာအုပ္၊ ထီး အဆံုးအကုန္ျပန္ေပးပါ။

အကယ္၍ကိုယ္ေဖ်ာက္လိုက္မိရင္ မူလပစၥည္းထက္တန္ဖိုးမနည္းတဲ့ဟာဝယ္ေပးၿပီး ေဆာရီးေျပာပါ။ၾကားမျဖတ္ပါနဲ႔။ ဘာလုပ္လုပ္( အိမ္သာတက္, ကားေမာင္းအစ)တန္းစီပါ။

သူမ်ားမုန္႔ဝယ္ေကၽြးတာစားရင္ ေစ်းအႀကီးဆံုးဟင္းလ်ာ/ စားစရာမမွာပါနဲ႔။ ျဖစ္ႏိုင္ရင္ ေကၽြးေမြးဒကာခံသူကိုပဲသူ႔စိတ္ႀကိဳက္မွာပါေစ။

သူမ်ားေျဖဖို႔အခက္ေတြ႕ေစမဲ့ေမးခြန္းေတြမေမးပါနဲ႔။ “မယူၾကေသးဘူးလား?” “လစာဘယ္ေလာက္ရလဲ? ” အစရွိသျဖင့္ေပါ့။

ကိုယ့္ေနာက္ဝင္မဲ့သူရွိရင္တံခါးကိုဆြဲဖြင့္ေပးထားပါ။(သူတို႔ဝင္လာေနရင္ေပါ့) အဲလိုပဲကိုယ္ဝင္လာတာျမင္လို႔တံခါးဖြင့္ထားေပးေနသူကို ေက်းဇူးတင္ေၾကာင္းေျပာပါ။

သူငယ္ခ်င္းနဲ႔တကၠစီအတူေပါင္းစီးလို႔က်ေငြသူရွင္းရင္ေနာက္တခါမျဖစ္မေနကိုယ္ရွင္းပါ။သူတပါးရဲ႕နိင္ငံေရးအျမင္သေဘာထားကိုေလးစားပါ။ (ႏိုင္ငံေရးမွမဟုတ္ပါဘူး၊ ကိုယ္နဲ႔သေဘာထားခ်င္းမတူတာကိုလက္ခံပါ)

အေရးတႀကီးမွမဟုတ္ရင္ညႀကီးမိုးခ်ဳပ္ဖုန္းမဆက္ပါနဲ႔။သူမ်ားစကားေျပာေနခ်ိန္ၾကားျဖတ္မေျပာပါနဲ႔။ကိုယ္စ ေနာက္လိုက္တာသူတပါးမႀကိဳက္ရင္ ခ်က္ျခင္းရပ္ဆိုင္းပါ။ ေနာက္ေနာင္လဲအဲဒီလိုဘယ္ေတာ့မွ မစေနာက္ပါနဲ႔။

ကိုယ့္ကိုကူညီသူတိုင္း(အေသးအမႊားေလးကအစ)ေက်းဇူးတင္ေၾကာင္းေျပာပါ။ခ်ီးက်ဴးစရာရွိရင္လူေရွ႕သူေရွ႕ခ်ီးမြမ္းပါ။ ေဝဖန္မႈကိုေတာ့ႏွစ္ကိုယ္ၾကားမွာေဝဖန္ပါေလ။

ကိုယ္ေျပာေနတာကိုစိတ္ဝင္စားဟန္မျပရင္ေလကုန္ခံၿပီးဆက္မေျပာပါနဲ႔ေတာ့။ သူစိတ္မဝင္စားတာကိုဘယ္လိုသိႏိုင္လဲဆိုရင္ ခပ္တိုတိုအေျဖေပးတာ၊ အၾကည့္ေတြတျခားဆီေရာက္ေနတာ၊ ကိုယ္နဲ႔တေျဖးေျဖးေဝးသြားတာမ်ိဳးေတြေပါ့။

ဝိတ္အတတ္အက်နဲ႔ပတ္သက္ၿပီးဘယ္ေတာ့မွမေဝဖန္မိပါေစနဲ႔။ “ယူသိပ္မိုက္တယ္ေနာ္” လို႔သာေျပာပါ၊ ဝိတ္နဲ႔ပါတ္သတ္ၿပီးသူတို႔စေျပာခ်င္ေျပာပါလိမ့္မယ္။

ခရီးရွည္မသြားခင္ေရခ်ိဳးသန္႔စင္ပါ၊ ကိုယ့္ေဘးမွာထိုင္မိသူေက်းဇူးတင္ပါလိမ့္မယ္။ (အရမ္းျပင္းတဲ့ေရေမႊးဆြတ္တာမ်ိဳးေတာ့ေရွာင္ပါ) ကိုယ့္ႏွာေခါင္းနဲ႔သူ႔ႏွာေခါင္းမတူႏိုင္ဘူးေလ။

တေယာက္ေယာက္ကသူရဲ႕ဖုန္းကေန ဓာတ္ပံုျပရင္ ျပတဲ့ပံုကလြဲၿပီး အေရွ႕အေနာက္လွန္မၾကည့္ပါနဲ႔။ ဘာပံုေတြရွိေနမလဲဆိုတာမေျပာႏိူင္ဘူးေလေနာ္။

ကိုယ့္အသိလုပ္ေဖာ္ကိုင္ဖက္က ဆရာဝန္သြားျပမယ္ဆိုရင္ ဘာျဖစ္တာလဲ ဘာေရာဂါလဲမေမးပါနဲ႔။ “အစစအရာရာအဆင္ေျပပါေစ” လို႔သာေျပာပါ။ သူ႔အေျခအေနသူေျပာခ်င္မွေျပာပါေစ။ သူမေျပာခ်င္ရင္ ကိုယ္လဲအတင္းေမးျမန္းရာမက်ဘူးေပါ့။

ကိုယ့္လက္ေအာက္ကသူေတြနဲ႔ဆက္ဆံပါက ကိုယ့္အထက္ကလူေတြကိုဆက္ဆံတဲ့ပံုစံနဲ႔မျခားဆက္ဆံပါ။ ကိုယ့္ေအာက္ကလူေတြကို႐ိုင္းစိုင္းစြာဆက္ဆံတာအထင္ႀကီးစရာမရွိဘူး။လူတန္းစားမခြဲျခားပဲတေလးတစားဆက္ဆံရင္သူမ်ားလဲကိုယ့္ကိုသတိထားမိလိမ့္မယ္။

တေယာက္ေယာက္ကကိုယ့္ကိုစကားလာေျပာေနခ်ိန္ ကိုယ္ကကိုယ့္ဖုန္းကိုပဲအာရံုစိုက္အၾကည့္မပ်က္တာဟာ႐ိုင္းတယ္ဆိုတာထက္ဆိုးပါတယ္။အၾကံဥာဏ္မေတာင္းရင္မေပးပါနဲ႔။

အစီအစဥ္ဆြဲစရာ ေဆြးေႏြးစရာေတြရွိရင္ အဲဒီအစီအစဥ္မွာမပါသူရဲ႕ေရွ႕မွာမေဆြးေႏြးမတိုင္ပင္ပါနဲ႔။နားၾကပ္တပ္ထားသူကိုစကားသြားမေျပာပါနဲ႔။ (သူမ်ားေတာင္နားေအးပါးေအးေနခ်င္တာကို) ေသေရးရွင္ေရးဆိုရင္ေတာ့နားၾကပ္ႀကီးဆြဲျဖဳတ္ၿပီးသာေအာ္ေျပာပါ

ကိုယ့္ကိုစားစရာတခုခုလာေကၽြးလို႔ကိုယ္မစားခ်င္ရင္ အစကတည္းက “No, thank you” လို႔ယဥ္ယဥ္ေက်းေက်းျငင္းပါ။ စားၾကည့္ၿပီးမွ (မခ်ိဳမခ်ဥ္မ်က္ႏွာနဲ႔) ျငင္းရင္ေကၽြးတဲ့သူလဲစိတ္မေကာင္းျဖစ္တာေပါ့။

တေယာက္ေယာက္ကသူတို႔က်န္းမာေရး(ေရာဂါ) အေျခအေနလာေျပာရင္ နားသာေထာင္လိုက္ပါ။ ကိုယ့္(ေရာဂါ)အေၾကာင္းအတင္းျပန္မေျပာပါနဲ႔။

ကိုယ္အသိတေယာက္ေယာက္က႐ုပ္ပိုင္းဆိုင္ရာသိသိသာသာေျပာင္းလဲသြားရင္ (အရမ္းဝ/ပိန္က်သြားတာ, ေခါင္းေျပာင္လာတာ, ဆိုးဆိုးရြားရြားဝက္ျခံေပါက္တာ အစရွိသျဖင့္ေပါ့ေလ) သြားမေဝဖန္ပါနဲ႔။

သင္မေျပာလဲသူတို႔ကိုယ္တိုင္သိပါတယ္။ သူတို႔လိုလိုလားလားစေျပာလာရင္ေတာ့တမ်ိဳးေပါ့ေနာ္။ကိုယ္နဲ႔မဆိုင္တဲ့ဟာဆိုရင္စပ္စပ္စုစုမေနပါနဲ႔။

သူမ်ားကား/ဆိုင္ကယ္ငွားစီးရင္ ဆီအျပည့္ျဖည့္ၿပီးမွျပန္ေပးပါ။ကိုယ့္ကိုျပဳေစလိုတဲ့အတိုင္းသူတပါးကိုျပဳပါဆိုတဲ့ ဆံုးမစကားအတိုင္းအၿမဲသြားပါ။ အ႐ိုးရွင္းဆံုးနဲ႔အထိေရာက္ဆံုးေသာလမ္းပါပဲ။

လူထူထပ္တဲ့ေနရာေတြမွာေဆးလိပ္မေသာက္ပါနဲ႔။ အထူးသျဖင့္ ကေလးငယ္ေတြနဲ႔ကိုယ္ဝန္သည္ေတြအနားမွာရွိေနရင္လံုးဝမေသာက္ပါနဲ႔။ကိုယ့္အခန္းကလြဲဘယ္သူ႔အခန္းပဲျဖစ္ျဖစ္မဝင္ခင္တံခါးေခါက္ပါ။ (ေနာင္တရစရာေတြေရွာင္ၿပီးသားျဖစ္ပါလိမ့္မယ္)

အမ်ားသံုးယာဥ္စီးေနရင္စကားအက်ယ္ႀကီး/ဖုန္းအက်ယ္ႀကီးေျပာတာေတြမလုပ္ပါနဲ႔။ (တခ်ိဳ႕ႏိုင္ငံေတြမွာBus Car ၊ရထားစီးေနခ်ိန္ဖုန္းမေျပာရဥပေဒရွိပါတယ္)

သူတပါးအသက္ေမြးပညာကိုအလကားလုပ္ခိုင္းျခင္းေရွာင္က်ဥ္ပါ။ (သူမ်ားအခ်ိန္၊ေငြ၊ေခၽႊး ေတြနဲ႔ရင္းထားတာကိုေလးစားပါ) orginal writer

unicode

လူ့ပတ်ဝန်းကျင်တွင် လိုက်နာသင့်သော လူ့ကျင့်ဝတ်များ

ဖုန်းမဖြေရင် ၂ခါထက်ပိုမခေါ်ပါနဲ့။မိမိဖုန်းဖြေဖို့ထက်အရေးတကြီးလုပ်နေတယ်လို့မှတ်။ ကိုယ်ပြောချင်တဲ့အကြောင်းလေးစာပို့ထားလိုက်။

ပိုက်ဆံချေးထားရင် နည်းများမဆိုပြန်ပေးပါ။ ပစ္စည်းငှားထားရင်လဲ အပ်တိုတစ်ချောင်းကအစ၊ ဘောပင်၊ စာအုပ်၊ ထီး အဆုံးအကုန်ပြန်ပေးပါ။

အကယ်၍ကိုယ်ဖျောက်လိုက်မိရင် မူလပစ္စည်းထက်တန်ဖိုးမနည်းတဲ့ဟာဝယ်ပေးပြီး ဆောရီးပြောပါ။ကြားမဖြတ်ပါနဲ့။ ဘာလုပ်လုပ်( အိမ်သာတက်, ကားမောင်းအစ)တန်းစီပါ။

သူများမုန့်ဝယ်ကျွေးတာစားရင် စျေးအကြီးဆုံးဟင်းလျာ/ စားစရာမမှာပါနဲ့။ ဖြစ်နိုင်ရင် ကျွေးမွေးဒကာခံသူကိုပဲသူ့စိတ်ကြိုက်မှာပါစေ။

သူများဖြေဖို့အခက်တွေ့စေမဲ့မေးခွန်းတွေမမေးပါနဲ့။ “မယူကြသေးဘူးလား?” “လစာဘယ်လောက်ရလဲ? ” အစရှိသဖြင့်ပေါ့။

ကိုယ့်နောက်ဝင်မဲ့သူရှိရင်တံခါးကိုဆွဲဖွင့်ပေးထားပါ။(သူတို့ဝင်လာနေရင်ပေါ့) အဲလိုပဲကိုယ်ဝင်လာတာမြင်လို့တံခါးဖွင့်ထားပေးနေသူကို ကျေးဇူးတင်ကြောင်းပြောပါ။

သူငယ်ချင်းနဲ့တက္ကစီအတူပေါင်းစီးလို့ကျငွေသူရှင်းရင်နောက်တခါမဖြစ်မနေကိုယ်ရှင်းပါ။သူတပါးရဲ့နိင်ငံရေးအမြင်သဘောထားကိုလေးစားပါ။ (နိုင်ငံရေးမှမဟုတ်ပါဘူး၊ ကိုယ်နဲ့သဘောထားချင်းမတူတာကိုလက်ခံပါ)

အရေးတကြီးမှမဟုတ်ရင်ညကြီးမိုးချုပ်ဖုန်းမဆက်ပါနဲ့။သူများစကားပြောနေချိန်ကြားဖြတ်မပြောပါနဲ့။ကိုယ်စ နောက်လိုက်တာသူတပါးမကြိုက်ရင် ချက်ခြင်းရပ်ဆိုင်းပါ။ နောက်နောင်လဲအဲဒီလိုဘယ်တော့မှ မစနောက်ပါနဲ့။

ကိုယ့်ကိုကူညီသူတိုင်း(အသေးအမွှားလေးကအစ)ကျေးဇူးတင်ကြောင်းပြောပါ။ချီးကျူးစရာရှိရင်လူရှေ့သူရှေ့ချီးမွမ်းပါ။ ဝေဖန်မှုကိုတော့နှစ်ကိုယ်ကြားမှာဝေဖန်ပါလေ။

ကိုယ်ပြောနေတာကိုစိတ်ဝင်စားဟန်မပြရင်လေကုန်ခံပြီးဆက်မပြောပါနဲ့တော့။ သူစိတ်မဝင်စားတာကိုဘယ်လိုသိနိုင်လဲဆိုရင် ခပ်တိုတိုအဖြေပေးတာ၊ အကြည့်တွေတခြားဆီရောက်နေတာ၊ ကိုယ်နဲ့တဖြေးဖြေးဝေးသွားတာမျိုးတွေပေါ့။

ဝိတ်အတတ်အကျနဲ့ပတ်သက်ပြီးဘယ်တော့မှမဝေဖန်မိပါစေနဲ့။ “ယူသိပ်မိုက်တယ်နော်” လို့သာပြောပါ၊ ဝိတ်နဲ့ပါတ်သတ်ပြီးသူတို့စပြောချင်ပြောပါလိမ့်မယ်။

ခရီးရှည်မသွားခင်ရေချိုးသန့်စင်ပါ၊ ကိုယ့်ဘေးမှာထိုင်မိသူကျေးဇူးတင်ပါလိမ့်မယ်။ (အရမ်းပြင်းတဲ့ရေမွှေးဆွတ်တာမျိုးတော့ရှောင်ပါ) ကိုယ့်နှာခေါင်းနဲ့သူ့နှာခေါင်းမတူနိုင်ဘူးလေ။

တယောက်ယောက်ကသူရဲ့ဖုန်းကနေ ဓာတ်ပုံပြရင် ပြတဲ့ပုံကလွဲပြီး အရှေ့အနောက်လှန်မကြည့်ပါနဲ့။ ဘာပုံတွေရှိနေမလဲဆိုတာမပြောနိူင်ဘူးလေနော်။

ကိုယ့်အသိလုပ်ဖော်ကိုင်ဖက်က ဆရာဝန်သွားပြမယ်ဆိုရင် ဘာဖြစ်တာလဲ ဘာရောဂါလဲမမေးပါနဲ့။ “အစစအရာရာအဆင်ပြေပါစေ” လို့သာပြောပါ။ သူ့အခြေအနေသူပြောချင်မှပြောပါစေ။ သူမပြောချင်ရင် ကိုယ်လဲအတင်းမေးမြန်းရာမကျဘူးပေါ့။

ကိုယ့်လက်အောက်ကသူတွေနဲ့ဆက်ဆံပါက ကိုယ့်အထက်ကလူတွေကိုဆက်ဆံတဲ့ပုံစံနဲ့မခြားဆက်ဆံပါ။ ကိုယ့်အောက်ကလူတွေကိုရိုင်းစိုင်းစွာဆက်ဆံတာအထင်ကြီးစရာမရှိဘူး။လူတန်းစားမခွဲခြားပဲတလေးတစားဆက်ဆံရင်သူများလဲကိုယ့်ကိုသတိထားမိလိမ့်မယ်။

တယောက်ယောက်ကကိုယ့်ကိုစကားလာပြောနေချိန် ကိုယ်ကကိုယ့်ဖုန်းကိုပဲအာရုံစိုက်အကြည့်မပျက်တာဟာရိုင်းတယ်ဆိုတာထက်ဆိုးပါတယ်။အကြံဉာဏ်မတောင်းရင်မပေးပါနဲ့။

အစီအစဉ်ဆွဲစရာ ဆွေးနွေးစရာတွေရှိရင် အဲဒီအစီအစဉ်မှာမပါသူရဲ့ရှေ့မှာမဆွေးနွေးမတိုင်ပင်ပါနဲ့။နားကြပ်တပ်ထားသူကိုစကားသွားမပြောပါနဲ့။ (သူများတောင်နားအေးပါးအေးနေချင်တာကို) သေရေးရှင်ရေးဆိုရင်တော့နားကြပ်ကြီးဆွဲဖြုတ်ပြီးသာအော်ပြောပါ

ကိုယ့်ကိုစားစရာတခုခုလာကျွေးလို့ကိုယ်မစားချင်ရင် အစကတည်းက “No, thank you” လို့ယဉ်ယဉ်ကျေးကျေးငြင်းပါ။ စားကြည့်ပြီးမှ (မချိုမချဉ်မျက်နှာနဲ့) ငြင်းရင်ကျွေးတဲ့သူလဲစိတ်မကောင်းဖြစ်တာပေါ့။

တယောက်ယောက်ကသူတို့ကျန်းမာရေး(ရောဂါ) အခြေအနေလာပြောရင် နားသာထောင်လိုက်ပါ။ ကိုယ့်(ရောဂါ)အကြောင်းအတင်းပြန်မပြောပါနဲ့။

ကိုယ်အသိတယောက်ယောက်ကရုပ်ပိုင်းဆိုင်ရာသိသိသာသာပြောင်းလဲသွားရင် (အရမ်းဝ/ပိန်ကျသွားတာ, ခေါင်းပြောင်လာတာ, ဆိုးဆိုးရွားရွားဝက်ခြံပေါက်တာ အစရှိသဖြင့်ပေါ့လေ) သွားမဝေဖန်ပါနဲ့။

သင်မပြောလဲသူတို့ကိုယ်တိုင်သိပါတယ်။ သူတို့လိုလိုလားလားစပြောလာရင်တော့တမျိုးပေါ့နော်။ကိုယ်နဲ့မဆိုင်တဲ့ဟာဆိုရင်စပ်စပ်စုစုမနေပါနဲ့။

သူများကား/ဆိုင်ကယ်ငှားစီးရင် ဆီအပြည့်ဖြည့်ပြီးမှပြန်ပေးပါ။ကိုယ့်ကိုပြုစေလိုတဲ့အတိုင်းသူတပါးကိုပြုပါဆိုတဲ့ ဆုံးမစကားအတိုင်းအမြဲသွားပါ။ အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးသောလမ်းပါပဲ။

လူထူထပ်တဲ့နေရာတွေမှာဆေးလိပ်မသောက်ပါနဲ့။ အထူးသဖြင့် ကလေးငယ်တွေနဲ့ကိုယ်ဝန်သည်တွေအနားမှာရှိနေရင်လုံးဝမသောက်ပါနဲ့။ကိုယ့်အခန်းကလွဲဘယ်သူ့အခန်းပဲဖြစ်ဖြစ်မဝင်ခင်တံခါးခေါက်ပါ။ (နောင်တရစရာတွေရှောင်ပြီးသားဖြစ်ပါလိမ့်မယ်)

အများသုံးယာဉ်စီးနေရင်စကားအကျယ်ကြီး/ဖုန်းအကျယ်ကြီးပြောတာတွေမလုပ်ပါနဲ့။ (တချို့နိုင်ငံတွေမှာBus Car ၊ရထားစီးနေချိန်ဖုန်းမပြောရဥပဒေရှိပါတယ်)

သူတပါးအသက်မွေးပညာကိုအလကားလုပ်ခိုင်းခြင်းရှောင်ကျဉ်ပါ။ (သူများအချိန်၊ငွေ၊ချွှေး တွေနဲ့ရင်းထားတာကိုလေးစားပါ) orginal writer