Teach

“ အစားအစာေၾကာင့္ ေသဆုံးေနၾကသူမ်ား ေနထုိင္ရာ ျမန္မာျပည္ ”

ျမန္မာျပည္မွာ ဆင္းရဲသူေရာ ခ်မ္းသာသူေတြပါ အဟာရခ်ဳိ႕တဲ့ေနၾကပါတယ္။ ကမာၻနဲ႔ အလွမ္းကြာခဲ့တဲ့ အက်ိဳးဆက္ေတြကို ဦးခင္ေမာင္စုိးက ရုိက္တာ သတင္းဌာနက သင္းလဲ့ဝင္း ရဲ႕ ေဆာင္းပါး ႏွစ္ပုဒ္အေပၚ အေျခခံၿပီး တင္ျပထားပါတယ္။

ကၽြန္ေတာ္ ျမန္မာျပည္ကေန အႏွစ္ ၂ဝ ေလာက္ေဝးကြာၿပီး ျပန္ေရာက္တဲ့အခါ ခ်က္ခ်င္းဆုိသလုိ သတိထားမိတာကေတာ့ ျမန္မာျပည္က ဒီကေန႔ လူငယ္ေတြရဲ႕ အရပ္အေမာင္းဟာ အရင္ကထက္ အမ်ားႀကီး ေသးငယ္သြားၿပီး ၾကဳံလွီေနၾကတဲ့ အခ်က္ပါပဲ။ မိမိတုိ႔ ဝင္ေငြနဲ႔ အဟာရျပည့္ဝေအာင္ စားသုံးႏုိင္ျခင္း မရွိတဲ့ ျပႆနာဟာ လူမ်ဳိးတစ္မ်ိဳးရဲ႕ ခႏၶာကုိယ္အေနအထားကုိ ထိခုိက္ေနပါၿပီ။

ေနာက္ထပ္ အံၾသစရာေကာင္းတာက ေငြေၾကးတတ္ႏုိင္လုိ႔ ထမင္းဆုိင္ေတြမွာ ေန႔စဥ္လုိလုိ ဝယ္ယူစားသုံးေနၾကသူ အမ်ားစုဟာလည္း အဝလြန္ၿပီး က်န္းမာေရး နိမ့္က်ေနတဲ့ အခ်က္ျဖစ္ပါတယ္။

ေကာက္ခ်က္ဆြဲရင္ ဒီေန႔ ျမန္မာျပည္မွာ ဆင္းရဲသူေတြက အဟာရျပည့္ေအာင္ မစားသုံးႏုိင္ၾကသလုိ ခ်မ္းသာသူေတြကလည္း က်န္းမာေရးနဲ႔ ကုိက္ညီေအာင္ မစားသုံးႏုိင္ၾကဘူးလုိ႔ ေျပာရပါလိမ့္မယ္။

ဒါဆုိ ကၽြန္ေတာ္တုိ႔ ဘာေတြမွားေနၾကၿပီလဲလုိ႔ စဥ္းစားသင့္ပါၿပီ။ ဒီရက္ပုိင္းအတြင္း သင္းလဲ့ဝင္း ဆုိသူ ေရးသားတဲ့ ရုိက္တာ ေဆာင္းပါးတစ္ပုဒ္မွာေတာ့ ျမန္မာျပည္သူေတြရဲ႕ ေန႔စဥ္အစားအစာမွာ ကယ္လုိရီသိပ္မ်ားတဲ့ ဆန္ကုိပဲ အဓိကထားၿပီး စားသုံးေနတာကုိ ေထာက္ျပထားပါတယ္။ သာမန္အားျဖင့္ ဘုိးစဥ္ေဘာင္ဆက္ ထမင္းကုိ ဟင္းနည္းနည္းနဲ႔ စားလာၾကတဲ့ ျမန္မာလူထုအတြက္ ဒီအခ်က္ကုိ လက္ခံဖုိ႔ ခက္ႏုိင္ေပမယ့္ ကမာၻတစ္ခြင္မွာေတာ့ အဲဒီ ဆန္ေတြ ဂ်ဳံေတြထက္ ပဲ၊ အာလူး စတဲ့ တျခားဟင္းသီးဟင္းရြက္ေတြကုိ ကၽြန္ေတာ္တုိ႔ ျမန္မာေတြထက္ပုိၿပီး မ်ားျပားစြာ စားသုံးေနၾကပါၿပီ။ အသားကုိေတာင္ သိပ္မ်ားမ်ားစားရင္ က်န္းမာေရး ထိခုိက္ႏုိင္တယ္ဆုိတာ သိလာၾကတဲ့အတြက္ အရင္ကထက္ေလွ်ာ့ၿပီး စားေနၾကပါတယ္။

ဒီေနရာမွာ စပါးကုိ အဓိကထား စုိက္ပ်ဳိးေနၾကတဲ့ အခ်က္ကုိလည္း ျပင္ဖုိ႔လုိေနပါတယ္။ လယ္သမား တစ္ေယာက္ကေတာ့ စပါးစုိက္မွပဲ အစုိးရထံက ေထာက္ပံေၾကးရတာေလ၊ တျခား သီးႏွံစုိက္ရင္ အဲဒီလုိ မရဘူးလုိ႔ ေျပာပါတယ္။ ပဲမ်ဳိးစုံ၊ ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံ စတဲ့ တျခားသီးႏွံေတြ ပုိမုိတုိးခ်ဲ႕စုိက္ပ်ဳိးေရး၊ အဆင့္အတန္း ျမင့္မားတဲ့ ဓါတ္ေျမၾသဇာေတြ သုံးစြဲေရး၊ သားငါးေမြးျမဴေရးစနစ္ေတြ ပုိမုိေကာင္းမြန္ေရး စတာေတြအတြက္ ႏုိင္ငံျခားတုိင္းျပည္ေတြ၊ အဖြဲ႔ အစည္းေတြရဲ႕ အကူအညီလုိအပ္ပါတယ္လို႔ စုိက္ပ်ဳိးေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္ေဆြလင္း က ေျပာပါတယ္။ တကယ္ေတာ့ ႏွစ္ေပါင္းမ်ားစြာ ႏုိင္ငံတကာရဲ႕ ပိတ္ဆုိ႔မႈ၊ ျပင္ပကမာၻနဲ႔ အဆက္ျပတ္မႈေတြဟာ ဒီေန႔ ျမန္မာျပည္သူေတြ ေန႔စဥ္စားသုံးေနၾကတဲ့ စားသုံးဆီေတြ၊ ငရုတ္၊ ၾကက္သြန္၊ ငါးပိ၊ ငါးေျခာက္စတဲ့ အစားအစာေတြရဲ႕ အႏၱရာယ္ ကင္းရွင္းမႈ၊ အဟာရ ျပည့္ဝမႈေတြကုိ လာေရာက္ထိခုိက္ေနၿပီ ျဖစ္ပါတယ္။

ကၽြန္ေတာ္ အရင္လက ျမန္မာျပည္ကုိ ထပ္ၿပီးေရာက္ေတာ့ ေဒါင္ေဒါင္ျမည္ေနရမယ့္ လူငယ္ေတြမွာေတာင္ က်န္းမာေရး ခ်ဴခ်ာေနၾကတာကို သတိထားမိပါတယ္။ ျမန္မာျပည္က မိန္းကေလးငယ္ သံုးဦးမွာ တစ္ဦးက သံဓါတ္ခ်ဳိ႕ယြင္းေနၿပီး အရြယ္ေရာက္ၿပီးတဲ့ အမ်ဳိးသမီး ငါးဦးမွာ တစ္ဦးက အေလးခ်ိန္ပုိမ်ားေနတယ္လိ္ု႔ အစုိးရ သုေတသနျပဳခ်က္အရ သိရပါတယ္။ ဒါေၾကာင့္ အက်ဳိးဆက္အျဖစ္ ေသြးတုိး၊ ဆီးခ်ဳိစတဲ့ ေရာဂါေပါင္းစုံကုိ လူထုက ခံစားေနရၿပီလုိ႔ FAO ကုလသမဂၢ စားနပ္ရိကၡာနဲ႔ စုိက္ပ်ဳိးေရးအဖြဲ႔ အရာရွိတစ္ဦးက ေျပာပါတယ္။ ျမန္မာျပည္က လူဦးေရတစ္ဝက္ေက်ာ္ဟာ အဟာရ ျပည့္ဝစြာ မစားႏုိင္ၾကသလုိ တစ္ၿပိဳင္နက္မွာ ဝက္အူေခ်ာင္း၊ ဝက္သားေျခာက္၊ သစ္သီးေျခာက္၊ အသင့္စား ေခါက္ဆြဲေျခာက္ထုတ္ စတာေတြလုိ မြမ္းမံျပင္ဆင္ ထုတ္လုပ္ထားတဲ့ အစားအစာေတြနဲ႔ ဆီေတြ၊ အခ်ဳိဓါတ္ေတြကုိ အရင္ကထက္ ပုိမုိစားေသာက္လာေနၾကတယ္လုိ႔ သူက သတိေပးပါတယ္။

စုိက္ပ်ဳိးေရးဝန္ႀကီးဌာန အရာရွိ ဦးမင္းစံသိန္း ဆုိသူကလည္း တျခား အဟာရျပည့္ဝတဲ့ သီးနွံေတြ ပုိမုိစုိက္ပ်ဳိးဖုိ႔လုိတယ္။ ဥပမာအားျဖင့္ ေတာေတာင္ေတြထဲမွာ အရင္က အေလ့က်ေပါက္ေနတဲ့ ဇီးျဖဴသီးေတြမွာ ဗီတာမင္ စီ ဓါတ္ၾကြယ္ဝလွပါတယ္။ ဒါေပမဲ့ အခုဆုိ အဲဒီလုိ သီးႏွံပင္ေတြ မျမင္ရသေလာက္ျဖစ္ေနၿပီလုိ႔ ေျပာပါတယ္။

ဆီမပါရင္ မစားတတ္သေလာက္ျဖစ္ေနတဲ့ ဒီကေန႔ ျမန္မာျပည္လူထုအတြက္ စားသုံးဆီဟာ အဓိက ရန္သူတစ္ေယာက္ပါ။ ေရာေႏွာေရာင္းခ်ေနတဲ့ ဆီေတြမွာ ဘာေတြပါသလဲဆုိတာေတာင္ လူထုက ဂရုမစုိက္ႏုိင္ၾကေတာ့ပါဘူး။ ေစ်းေပါၿပီး အလြယ္ရတဲ့ ဆီေတြကုိပဲ ဝယ္ယူသုံးစြဲေနၾကပါၿပီ။ တစ္ေန႔တျခား ကင္ဆာရသူေတြ၊ ႏွလုံးေသြးေၾကာက်ဥ္းသူေတြ မ်ားလာေနရတဲ့ အခ်က္ေတြထဲမွာ စားသုံးဆီေတြရဲ႕ အရည္အေသြးနဲ႔ သုံးစြဲပမာဏ မ်ားျပားတာလည္း မုခ်ပါဝင္ေနတယ္လုိ႔ ေျပာႏုိင္ပါတယ္။ ရုိက္တာ ေဆာင္းပါးရွင္ ကေတာ့ ျမန္မာျပည္မွာ ငယ္ငယ္ရြယ္ရြယ္နဲ႔ နွလုံးေရာဂါရသူေတြ ပုိမ်ားလာေနတာကုိ တင္ျပထားပါတယ္။

ကဲ ကၽြန္ေတာ္တုိ႔ ဘာေတြ ဘယ္လုိစားေသာက္ၾကမွာလဲ။ စဥ္းစားဖုိ႔ အခ်ိန္လြန္ေနၿပီျဖစ္ေပမယ့္ ျမန္ျမန္စဥ္းစားၿပီး ျမန္ျမန္ျပဳျပင္ၾကမယ္ဆုိရင္ေတာ့ ပုိမုိက်န္းမာလာၾကမွာ မုခ်ပါပဲ ခင္ဗ်ာ။

Source_RFA

Unicode

မြန်မာပြည်မှာ ဆင်းရဲသူရော ချမ်းသာသူတွေပါ အဟာရချို့တဲ့နေကြပါတယ်။ ကမ္ဘာနဲ့ အလှမ်းကွာခဲ့တဲ့ အကျိုးဆက်တွေကို ဦးခင်မောင်စိုးက ရိုက်တာ သတင်းဌာနက သင်းလဲ့ဝင်း ရဲ့ ဆောင်းပါး နှစ်ပုဒ်အပေါ် အခြေခံပြီး တင်ပြထားပါတယ်။

ကျွန်တော် မြန်မာပြည်ကနေ အနှစ် ၂ဝ လောက်ဝေးကွာပြီး ပြန်ရောက်တဲ့အခါ ချက်ချင်းဆိုသလို သတိထားမိတာကတော့ မြန်မာပြည်က ဒီကနေ့ လူငယ်တွေရဲ့ အရပ်အမောင်းဟာ အရင်ကထက် အများကြီး သေးငယ်သွားပြီး ကြုံလှီနေကြတဲ့ အချက်ပါပဲ။ မိမိတို့ ဝင်ငွေနဲ့ အဟာရပြည့်ဝအောင် စားသုံးနိုင်ခြင်း မရှိတဲ့ ပြဿနာဟာ လူမျိုးတစ်မျိုးရဲ့ ခန္ဓာကိုယ်အနေအထားကို ထိခိုက်နေပါပြီ။

နောက်ထပ် အံသြစရာကောင်းတာက ငွေကြေးတတ်နိုင်လို့ ထမင်းဆိုင်တွေမှာ နေ့စဉ်လိုလို ဝယ်ယူစားသုံးနေကြသူ အများစုဟာလည်း အဝလွန်ပြီး ကျန်းမာရေး နိမ့်ကျနေတဲ့ အချက်ဖြစ်ပါတယ်။

ကောက်ချက်ဆွဲရင် ဒီနေ့ မြန်မာပြည်မှာ ဆင်းရဲသူတွေက အဟာရပြည့်အောင် မစားသုံးနိုင်ကြသလို ချမ်းသာသူတွေကလည်း ကျန်းမာရေးနဲ့ ကိုက်ညီအောင် မစားသုံးနိုင်ကြဘူးလို့ ပြောရပါလိမ့်မယ်။

ဒါဆို ကျွန်တော်တို့ ဘာတွေမှားနေကြပြီလဲလို့ စဉ်းစားသင့်ပါပြီ။ ဒီရက်ပိုင်းအတွင်း သင်းလဲ့ဝင်း ဆိုသူ ရေးသားတဲ့ ရိုက်တာ ဆောင်းပါးတစ်ပုဒ်မှာတော့ မြန်မာပြည်သူတွေရဲ့ နေ့စဉ်အစားအစာမှာ ကယ်လိုရီသိပ်များတဲ့ ဆန်ကိုပဲ အဓိကထားပြီး စားသုံးနေတာကို ထောက်ပြထားပါတယ်။ သာမန်အားဖြင့် ဘိုးစဉ်ဘောင်ဆက် ထမင်းကို ဟင်းနည်းနည်းနဲ့ စားလာကြတဲ့ မြန်မာလူထုအတွက် ဒီအချက်ကို လက်ခံဖို့ ခက်နိုင်ပေမယ့် ကမ္ဘာတစ်ခွင်မှာတော့ အဲဒီ ဆန်တွေ ဂျုံတွေထက် ပဲ၊ အာလူး စတဲ့ တခြားဟင်းသီးဟင်းရွက်တွေကို ကျွန်တော်တို့ မြန်မာတွေထက်ပိုပြီး များပြားစွာ စားသုံးနေကြပါပြီ။ အသားကိုတောင် သိပ်များများစားရင် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ သိလာကြတဲ့အတွက် အရင်ကထက်လျှော့ပြီး စားနေကြပါတယ်။

ဒီနေရာမှာ စပါးကို အဓိကထား စိုက်ပျိုးနေကြတဲ့ အချက်ကိုလည်း ပြင်ဖို့လိုနေပါတယ်။ လယ်သမား တစ်ယောက်ကတော့ စပါးစိုက်မှပဲ အစိုးရထံက ထောက်ပံကြေးရတာလေ၊ တခြား သီးနှံစိုက်ရင် အဲဒီလို မရဘူးလို့ ပြောပါတယ်။ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ တခြားသီးနှံတွေ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ အဆင့်အတန်း မြင့်မားတဲ့ ဓါတ်မြေသြဇာတွေ သုံးစွဲရေး၊ သားငါးမွေးမြူရေးစနစ်တွေ ပိုမိုကောင်းမွန်ရေး စတာတွေအတွက် နိုင်ငံခြားတိုင်းပြည်တွေ၊ အဖွဲ့ အစည်းတွေရဲ့ အကူအညီလိုအပ်ပါတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က ပြောပါတယ်။ တကယ်တော့ နှစ်ပေါင်းများစွာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှု၊ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်မှုတွေဟာ ဒီနေ့ မြန်မာပြည်သူတွေ နေ့စဉ်စားသုံးနေကြတဲ့ စားသုံးဆီတွေ၊ ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်စတဲ့ အစားအစာတွေရဲ့ အန္တရာယ် ကင်းရှင်းမှု၊ အဟာရ ပြည့်ဝမှုတွေကို လာရောက်ထိခိုက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော် အရင်လက မြန်မာပြည်ကို ထပ်ပြီးရောက်တော့ ဒေါင်ဒေါင်မြည်နေရမယ့် လူငယ်တွေမှာတောင် ကျန်းမာရေး ချူချာနေကြတာကို သတိထားမိပါတယ်။ မြန်မာပြည်က မိန်းကလေးငယ် သုံးဦးမှာ တစ်ဦးက သံဓါတ်ချို့ယွင်းနေပြီး အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး ငါးဦးမှာ တစ်ဦးက အလေးချိန်ပိုများနေတယ်လို့ အစိုးရ သုတေသနပြုချက်အရ သိရပါတယ်။ ဒါကြောင့် အကျိုးဆက်အဖြစ် သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါပေါင်းစုံကို လူထုက ခံစားနေရပြီလို့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ မြန်မာပြည်က လူဦးရေတစ်ဝက်ကျော်ဟာ အဟာရ ပြည့်ဝစွာ မစားနိုင်ကြသလို တစ်ပြိုင်နက်မှာ ဝက်အူချောင်း၊ ဝက်သားခြောက်၊ သစ်သီးခြောက်၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ် စတာတွေလို မွမ်းမံပြင်ဆင် ထုတ်လုပ်ထားတဲ့ အစားအစာတွေနဲ့ ဆီတွေ၊ အချိုဓါတ်တွေကို အရင်ကထက် ပိုမိုစားသောက်လာနေကြတယ်လို့ သူက သတိပေးပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာန အရာရှိ ဦးမင်းစံသိန်း ဆိုသူကလည်း တခြား အဟာရပြည့်ဝတဲ့ သီးနှံတွေ ပိုမိုစိုက်ပျိုးဖို့လိုတယ်။ ဥပမာအားဖြင့် တောတောင်တွေထဲမှာ အရင်က အလေ့ကျပေါက်နေတဲ့ ဇီးဖြူသီးတွေမှာ ဗီတာမင် စီ ဓါတ်ကြွယ်ဝလှပါတယ်။ ဒါပေမဲ့ အခုဆို အဲဒီလို သီးနှံပင်တွေ မမြင်ရသလောက်ဖြစ်နေပြီလို့ ပြောပါတယ်။

ဆီမပါရင် မစားတတ်သလောက်ဖြစ်နေတဲ့ ဒီကနေ့ မြန်မာပြည်လူထုအတွက် စားသုံးဆီဟာ အဓိက ရန်သူတစ်ယောက်ပါ။ ရောနှောရောင်းချနေတဲ့ ဆီတွေမှာ ဘာတွေပါသလဲဆိုတာတောင် လူထုက ဂရုမစိုက်နိုင်ကြတော့ပါဘူး။ ဈေးပေါပြီး အလွယ်ရတဲ့ ဆီတွေကိုပဲ ဝယ်ယူသုံးစွဲနေကြပါပြီ။ တစ်နေ့တခြား ကင်ဆာရသူတွေ၊ နှလုံးသွေးကြောကျဉ်းသူတွေ များလာနေရတဲ့ အချက်တွေထဲမှာ စားသုံးဆီတွေရဲ့ အရည်အသွေးနဲ့ သုံးစွဲပမာဏ များပြားတာလည်း မုချပါဝင်နေတယ်လို့ ပြောနိုင်ပါတယ်။ ရိုက်တာ ဆောင်းပါးရှင် ကတော့ မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါရသူတွေ ပိုများလာနေတာကို တင်ပြထားပါတယ်။

ကဲ ကျွန်တော်တို့ ဘာတွေ ဘယ်လိုစားသောက်ကြမှာလဲ။ စဉ်းစားဖို့ အချိန်လွန်နေပြီဖြစ်ပေမယ့် မြန်မြန်စဉ်းစားပြီး မြန်မြန်ပြုပြင်ကြမယ်ဆိုရင်တော့ ပိုမိုကျန်းမာလာကြမှာ မုချပါပဲ ခင်ဗျာ။

Source_RFA