Local

စက်ရုံစီမံကိန်းဝင်းအတွင်းရှိ ကားများနှင့် အဆောက်အဦများအား ဝင်ရောက်မီးရှို့ဖျက်ဆီးမှု

အောင်သပြေရွာအနီးရှိ ဘိလပ်မြေစက်ရုံစီမံကိန်းဝင်းအတွင်းရှိ ကားများနှင့် အဆောက်အဦများအား ဝင်ရောက်မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား

ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီးရှိ ဘိလပ်မြေစက်ရုံစီမံကိန်းဝင်းအတွင်းရှိ ကားများနှင့် အဆောက်အဦများအား စီမံကိန်းအား ဆန့်ကျင်ဆန္ဒပြနေသူများက ဝင်ရောက်မီးရှို့ဖျက်ဆီးမှု ယနေ့(မေ ၁၅) နံနက် ၈ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

   

Loading...

ယနေ့ နံနက်ပိုင်းက ဘိလပ်မြေစက်ရုံစီမံကိန်းအဝင်လမ်းတွင် ရဲများနှင့် စီမံကိန်းအား ဆန့်ကျင်ဆန္ဒပြနေသူများကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲအချို့နှင့် ဆန့်ကျင်ဆန္ဒပြနေသူအချို့ ထိခိုက်ဒဏ်ရာရသူများရှိခဲပြီး လက်ရှိအချိန်တွင် မီးငြှိမ်းသတ်ရန်လာရောက်သော မီးသတ်ကားများကို ဆန့်ကျင်ဆန္ဒပြနေသူများက တားဆီးထားကြောင်း ကနေဦး သတင်းရရှိသည်။

TheMandalayNewsJournal

ရဲရင့် ထွန်း

Credit

Loading...