Celebrity

“မမ တို႔ကေတာ့ ေနာက္ထပ္တေယာက္ေတာင္ ရေနျပီတဲ့။ FA ေတြ အခုထိ မစြံၾကေသးဘူးလား”

ခ်စ္စရာေကာင္းျပီး တရုတ္မင္းသမီးေလး အတိုင္းလွပေနတာေၾကာင့္ ဝန္းရံတဲ့ ပရိသတ္ေတြ မ်ားျပားခဲ့တဲ့ သရုပ္ေဆာင္ သဥၨာႏြယ္ဝင္းကေတာ့ လက္ရွိမွာ ေပ်ာ္ရႊင္စရာေကာင္းျပီး ျပီးျပည့္စံုတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားပါျပီ။ သူ႔အေနနဲ႔ ခ်စ္စရာသားေလးတေယာက္ ရွိျပီး ယခုလက္ရွိမွာလည္း ဒုတိယကိုယ္ဝန္လြယ္ထားရတယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ့ အိမ္ေထာင္ေရး န႔ဲ သူမရဲ့ လႈပ္ရွားမႈေတြကိုေတာ့ သဥၹာႏြယ္ဝင္းက ေျဖၾကားသြား ခဲ့ပါတယ္။

သဥၨာႏြယ္ဝင္းကေတာ့ MC နဲ႔ အင္တာဗ်ဳးမွာေတာ့ “ပိုးထတယ္။ အႏုပညာျပန္လုပ္ခ်င္တဲ့ စိတ္ေတာ့ ရွိပါတယ္။ ဒါေပမယ့္ ကိုယ္က ကေလးနဲ႔ဆိုေတာ့ေလ ျပန္ျပီးေတာ့ မလုပ္ႏိုင္ေတာ့ဘူးေပါ့။ အခုလည္း ေနာက္ကြယ္ဝန္နဲ႔ဆိုေတာ့ေလ လုပ္လို႔မရေတာ့ဘူး။ အခုေနာက္ထပ္ ကိုယ္ဝန္က ၃ လ ရွိပါျပီ။ ဘာေလးပဲ ရရေပ်ာ္ပါတယ္။ သဥၹာကေတာ့ ျဖစ္ႏိုင္ရင္ မိန္းကေလးလိုခ်င္တာေပါ့။ ဒါေပမယ့္လည္း ဘာပဲ ျဖစ္ျဖစ္ ေပ်ာ္ပါတယ္”

ကိုယ့္ရဲ့ အိမ္ေထာင္ေရးကိုေရာ ဘယ္လိုမ်ိဳး သံုးသပ္မိလဲဆိုတဲ့ အေပၚမွာ “ကံေကာင္းတယ္လို႔ေတာ့ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အမ်ိဳးသားက တကယ္ဂရုလည္း စိုက္တယ္။ စိတ္လည္းရွည္တယ္။ သားေလးကလည္း ခ်စ္ဖို႔ ေကာင္းတယ္ဆိုေတာ့ အိမ္ေထာင္သည္ဘဝမွာေတာ့ ကိုယ္အရမ္းေပ်ာ္တယ္။ သဥၹာကေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ ေနခ်င္တယ္။ သူကေတာ့ သားသမီ ၃ ေယာက္လိုခ်င္တယ္။ အဲ့လိုဆိုေတာ့ မိသားစု ၅ ေယာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ က်န္းက်န္းမာမာ ျဖစ္ခ်င္ပါတယ္”

Loading...

ခင္ပြန္းဆီကေတာ့ စီးပြားေရးနဲ႔ ပတ္သက္ျပီး ဘယ္လိုအျမင္ေတြ ရလဲ ဆိုတဲ့အေပၚမွာ “သူအလုပ္လုပ္တာ အရမ္းေစ့စပ္ေသခ်ာပါတယ္။ ျပီးေတာ့ သူအလုပ္ရွိတဲ့အခ်ိန္က်ရင္ မအိပ္ပဲနဲ႔ ေသခ်ာေလးကို အပင္ပန္းခံျပီးေတာ့ လုပ္တယ္။ သူအရမ္းပင္ပန္းတယ္။ ေအာက္ေျခကေနအစ သူဝင္လုပ္တယ္။ ဒါေၾကာင့္ ဝန္ထမ္းေတြကလည္း သူနဲ႔အတူ အားက်ိဳးမာန္တတ္လုပ္ၾကတယ္။ ဆိုင္မွာလည္း ေကာင္းတဲ့မွတ္ခ်က္ေတြ အမ်ားၾကီး ရပါတယ္”

“သူ႔ေမြးေန႔မွာေတာ့ သဥၨာကေတာ့ ကိုယ္ဝန္ရွိေနေတာ့ ေနလို႔သိပ္မေကာင္းဘူး။ အန္ပဲ အန္ခ်င္ေနေတာ့။ သူကေတာ့ ေျပာပါတယ္။ သားေလးနဲ႔ မိန္းမ သူ႔ေဘးမွာ ရွိရင္ ရပါျပီတဲ့။ မိန္းမက သားေလးေပးထားတယ္ေလ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

Unicode Version

ချစ်စရာကောင်းပြီး တရုတ်မင်းသမီးလေး အတိုင်းလှပနေတာကြောင့် ဝန်းရံတဲ့ ပရိသတ်တွေ များပြားခဲ့တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ပျော်ရွှင်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါပြီ။ သူ့အနေနဲ့ ချစ်စရာသားလေးတယောက် ရှိပြီး ယခုလက်ရှိမှာလည်း ဒုတိယကိုယ်ဝန်လွယ်ထားရတယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး နဲ့ သူမရဲ့ လှုပ်ရှားမှုတွေကိုတော့ သဉ္ဖာနွယ်ဝင်းက ဖြေကြားသွား ခဲ့ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ MC နဲ့ အင်တာဗျုးမှာတော့ “ပိုးထတယ်။ အနုပညာပြန်လုပ်ချင်တဲ့ စိတ်တော့ ရှိပါတယ်။ ဒါပေမယ့် ကိုယ်က ကလေးနဲ့ဆိုတော့လေ ပြန်ပြီးတော့ မလုပ်နိုင်တော့ဘူးပေါ့။ အခုလည်း နောက်ကွယ်ဝန်နဲ့ဆိုတော့လေ လုပ်လို့မရတော့ဘူး။ အခုနောက်ထပ် ကိုယ်ဝန်က ၃ လ ရှိပါပြီ။ ဘာလေးပဲ ရရပျော်ပါတယ်။ သဉ္ဖာကတော့ ဖြစ်နိုင်ရင် မိန်းကလေးလိုချင်တာပေါ့။ ဒါပေမယ့်လည်း ဘာပဲ ဖြစ်ဖြစ် ပျော်ပါတယ်”

ကိုယ့်ရဲ့ အိမ်ထောင်ရေးကိုရော ဘယ်လိုမျိုး သုံးသပ်မိလဲဆိုတဲ့ အပေါ်မှာ “ကံကောင်းတယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ အမျိုးသားက တကယ်ဂရုလည်း စိုက်တယ်။ စိတ်လည်းရှည်တယ်။ သားလေးကလည်း ချစ်ဖို့ ကောင်းတယ်ဆိုတော့ အိမ်ထောင်သည်ဘဝမှာတော့ ကိုယ်အရမ်းပျော်တယ်။ သဉ္ဖာကတော့ အေးအေးချမ်းချမ်းနဲ့ နေချင်တယ်။ သူကတော့ သားသမီ ၃ ယောက်လိုချင်တယ်။ အဲ့လိုဆိုတော့ မိသားစု ၅ ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ဖြစ်ချင်ပါတယ်”

ခင်ပွန်းဆီကတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်တွေ ရလဲ ဆိုတဲ့အပေါ်မှာ “သူအလုပ်လုပ်တာ အရမ်းစေ့စပ်သေချာပါတယ်။ ပြီးတော့ သူအလုပ်ရှိတဲ့အချိန်ကျရင် မအိပ်ပဲနဲ့ သေချာလေးကို အပင်ပန်းခံပြီးတော့ လုပ်တယ်။ သူအရမ်းပင်ပန်းတယ်။ အောက်ခြေကနေအစ သူဝင်လုပ်တယ်။ ဒါကြောင့် ဝန်ထမ်းတွေကလည်း သူနဲ့အတူ အားကျိုးမာန်တတ်လုပ်ကြတယ်။ ဆိုင်မှာလည်း ကောင်းတဲ့မှတ်ချက်တွေ အများကြီး ရပါတယ်”

“သူ့မွေးနေ့မှာတော့ သဉ္ဇာကတော့ ကိုယ်ဝန်ရှိနေတော့ နေလို့သိပ်မကောင်းဘူး။ အန်ပဲ အန်ချင်နေတော့။ သူကတော့ ပြောပါတယ်။ သားလေးနဲ့ မိန်းမ သူ့ဘေးမှာ ရှိရင် ရပါပြီတဲ့။ မိန်းမက သားလေးပေးထားတယ်လေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: ပြောချင်လွန်းလို့

Source: New feed

Loading...