Teach
ညီမလေးရေ စိတ်ညစ်မနေနဲ့ လှပတဲ့မနက်ဖြန် လူတိုင်းမှာ ရှိတယ်
ဒီကနေ့အဆင်မပြေလို့ စိတ်ညစ်နေတဲ့သူပဲ ဖြစ်နေပါစေ…မနက်ဖြန်ဟာ
ဒီနေ့ထက်တော့ပိုလှပိုကောင်းမှာ အမှန်ပါဘဲလို့ယုံကြည်ထားလိုက်ပါ။
တကယ်လည်း လှပတဲ့ မနက်ဖြန်ဟာ လူတိုင်းမှာ ရှိကြပါတယ်။ လူတိုင်းဟာ မနက်ဖြန်တိုင်းကို လှအောင် လုပ်နိုင်သလို ဆိုးအောင်လည်းလုပ်နိုင်တဲ့သူတွေချည်းပါပဲ။
တကယ်တော့ ကျမတို့တွေအားလုံးဟာ ဒဏ်ရာဒဏ်ချက်မကင်းတဲ့သူတွေချည်းပါပဲ။
နေ့စဉ်နဲ့အမျှ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းတွေနဲ့ကြုံရတယ်၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်းဆိုတာကိုလည်း ခံစားကြရပါတယ်။အောင်မြင်ခြင်းရှုံးနိမ့်ခြင်းရဲ့နောက်က ၀မ်းနည်းရတာ တွေ…စိတ်ထိခိုက်ရတာတွေတင်မက ဆုံးရှုံးနစ်နာရခြင်းတွေနဲ့လည်း မကင်းကြရပါဘူး။
အချို့ကတော့မနက်ဖြန်ဆိုတာမရှိချင်လောက်အောင် ဘ၀ကို လက်လျော့ပြီး အရှုံးပေးလိုက်ချင်ကြတယ်။ ငါတော့ဒီအဆိုးတွေကို ကျော်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ဘ၀အတွက် အားလျော့ပြီး ကြုံလာတဲ့အဆိုးတွေကို အရှုံးပေးတာမျိုး ရှိသလို၊ အဆိုးတွေကို အရွဲ့တိုက်ပြီး အဆိုးနဲ့တုန့်ဲပြန်တာတွေလည်း လုပ်တတ်ကြပါတယ်။
ကျမအနေနဲ့ အဆိုးတွေကို အရှုံးမပေးစေချင်သလို၊ အဆိုးတွေကြုံချိန်မှာ အဆိုးတွေပေါ်မှာ အကုသိုလ်တွေ အဆိုးတွေထပ်တိုးပြီး တုန့်ပြန်ကြမှာမျိုးလည်း မဖြစ်စေချင်ပါဘူး။အဆိုး သံသရာကို တိုစေဖို့ပဲ အားပေးလိုပါတယ်။
အဲဒါကြောင့် မနက်ဖြန်ဟာ ဒီနေ့ထက် ပိုလှမယ်လို့ ယုံကြည်စိတ်ချကြစေချင်တယ်။ အဲဒီလို ယုံကြည်နိုင်အောင်လည်း ကိုယ့်ဘက်က အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါနော်။
မနက်ဖြန်ဟာ ဒီကနေ့ထက်တော့ပိုလှအောင်လည်း ကြိုးစားအားထုတ်လို့ရပါတယ်။ အဲဒါကတော့ ကုသိုလ်ရေးတွေ များများလုပ်ခြင်းပါပဲ။ ဒါနကုသိုလ်လုပ်တာမျိုး၊ သီလစောင့်ထိန်းတာမျိုး။ ဘာဝနာတရားအားထုတ်တာတွေက အကုသိုလ်တွေကို ပါးစေ၊လျော့ကျစေပါတယ်။
ကျမအနေနဲ့လည်း ဘ၀ရဲ့အဆိုးတွေကြုံနေချိန်မှာ ကုသိုလ်ရေးတွေများများလုပ်ပြီး အားတင်းရင်ဆိုင်နေပါတယ်။ အဆိုးတွေကြုံချိန်မှာ ကိုယ့်ကိုယ်ကို ပိုပြီးဂရုတစိုက်နေထိုင်ပါတယ်၊ အကုသိုလ်အလုပ်တွေနဲ့ ကင်းအောင်နေပါတယ်။
တကယ်ပါ အဆိုးကြုံချိန်မှာ ကျမအပေါ် ညစ်ပတ်တဲ့သူတွေနဲ့လည်း ကြုံရပါတယ်၊ အခက်အခဲတွေ့နေပါတယ်ဆိုမှ အဲဒီအခက်အခဲပေါ်ကို အနိုင်ကျင့်တဲ့သူတွေလည်း ရှိပါတယ်။ လက်တစ်လုံးခြားစကားလေး နှစ်လုံးတည်းနဲ့ မတရားလုပ်တတ်တဲ့သူလည်း ကြုံတာပါပဲ။ အဲဒီလို ညစ်ပတ်တာ မသိလို့ မဟုတ်လို့မဟုတ်သလို၊ အခက်အခဲပေါ်ကို အမြတ်ထုတ်ပြီး အနိုင်ကျင့်တာကိုလည်း မမြင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ အပြုံးမပျက် သည်းခံပြီး နေပါတယ်။
အဲဒီလို သည်းခံတာဟာ လောကဓံဆိုးကို ကြောက်လို့လည်း မဟုတ်ပါဘူး။ အရင်ဘ၀တုန်းက ကိုယ်ကသူ့အပေါ်မတရားလုပ်ထားမိလေသလား ဆိုတဲ့ စိတ်နဲ့ သံသရာကြွေးဖို့ သည်းခံတာလည်း မဟုတ်ပါဘူး။
သည်းခံခြင်းဆိုတာ ပါရမီ ၁၀ ပါးထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ ခန္ဓီပါရမီကို ကျင့်ခွင့်ရပြီလို့ သဘောထားပြီး ကိုယ့်အပေါ်မတရားတဲ့သ၊ူ ကိုယ့်အပေါ် အနိုင်ကျင့်နေတဲ့သူတွေက ကိုယ့်အတွက် ပါရမီဖြည့်ပေးနေတာလို့ သဘောထားလိုက်တဲ့အခါ အမုန်းစိတ်၊နာကြည်းစိတ်မ၀င်ဘဲနဲ့ သည်းခံနေခဲ့တာပါ။ ခန္ဓီပါရမီကတော့ ခုဘ၀အတွက်ရော သံသရာအတွက်ပါ အရှုံးမရှိပါဘူး။
ဒါကြောင့် ဘ၀မှာ ဘယ်လိုပဲ လောကဓံဆိုးကြုံကြုံ သည်းခံပါ။ တောင့်ခံပါ၊ ကြံ့ကြံ့ခံပါ၊ အားမလျော့ပါနဲ့အဆိုးနဲ့ မတုန့်ပြန်ပါနဲ့ မဖြစ်လွန်းလို့ပါဆိုပြီး အကုသိုလ်နဲ့လည်း မရှင်သန်ပါနဲ့လို့ တိုက်တွန်းချင်တာပါ။
ဘ၀တိုင်းမှာ အကောင်းနဲ့အဆိုး အမြဲတမ်း တစ်လှည့်ဆီကြုံကြရပါတယ်။ အချို့က ကောင်းတာကြုံနေချိန်မှာလည်း ကောင်းနေပြီဆိုတာ သိနေပြီး အဆိုးကြုံတဲ့အခါမှာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတတ်ကြပါတယ်။
ကောင်းနေချိန်မှာလည်း ကောင်းနေချိန်မို့ ဆိုးနေချိန်မှာလည်း ဆိုးနေတာမို့ ကုသိုလ်တွေ ပိုတိုးပြီးလုပ်ထားသင့်ပါတယ်။ ကောင်းကောင်းဆိုးဆိုး သီလနဲ့ သမာဓိအားကောင်းအောင် တည်ဆောက်ထားတာတွေကို လုပ်သင့်တာပါပဲ။
အဲဒါကြောင့် ဘ၀မှာ ဘယ်လောက်ပဲ အဆိုးကြုံပါစေ အားတင်းရင်ဆိုင်ပြီး အဆိုးကြုံချိန်မှာ ဆိုးတာတွေ (အကုသိုလ်)တွေ မလုပ်မိအောင် ဂရုစိုက်သလို ကုသိုလ်တွေချည်းပဲ လုပ်မိအောင်လည်း ကြိုးစားအားထုတ်ကြရတာပါ။
တကယ်လည်း အဆိုးနဲ့အကောင်းဆိုတာ တစ်လှည့်ဆီကြုံကြရတာ လူတိုင်းလည်း သိပါတယ်။ဒါကြောင့် ဘယ်လောက်ပဲ ဆိုးတဲ့ လောကဓံကို ကြုံနေရပါစေ အားတင်းရင်ဆိုင်ထားပါ၊ မကြာခင် ကောင်းတာတွေ လာတော့မှာပါ၊ ကောင်းတာတွေ လာနိုင်အောင်လည်း ကိုယ့်အနေနဲ့ မကောင်းတာတွေ မလုပ်ဘဲနဲ့(အကုသိုလ်)ကင်းအောင်နေပြီး၊ ကောင်းတာတွေကို လုပ်ရင်း မနက်ဖြန်ကို စောင့်ပါလို့ကျမကတော့အကြုံပြုချင်ပါတယ်။
လှပတဲ့ မနက်ဖြန်ဆိုတာ လူတိုင်းမှာ ရှိနေပါတယ်။
ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
Unicode
ညီမလေးရေ စိတ်ညစ်မနေနဲ့ လှပတဲ့မနက်ဖြန် လူတိုုင်းမှာ ရှိတယ်
ဒီကနေ့အဆင်ပြေနေတဲ့သူပဲ ဖြစ်ဖြစ်…
ဒီကနေ့အဆင်မပြေလိုု့ စိတ်ညစ်နေတဲ့သူပဲ ဖြစ်နေပါစေ…မနက်ဖြန်ဟာ
ဒီနေ့ထက်တော့ပိုုလှပိုုကောင်းမှာ အမှန်ပါဘဲလိုု့ယုုံကြည်ထားလိုုက်ပါ။
တကယ်လည်း လှပတဲဲ့ မနက်ဖြန်ဟာ လူတိုုင်းမှာ ရှိကြပါတယ်။ လူတိုုင်းဟာ မနက်ဖြန်တိုုင်းကိုု လှအောင် လုပ်နိိုင်သလို ဆိုုးအောင်လည်းလုုပ်နိုုင်တဲ့သူတွေချည်းပါပဲ။
တကယ်တော့ ကျမတိုု့တွေအားလုံုးဟာ ဒဏ်ရာဒဏ်ချက်မကင်းတဲ့သူတွေချည်းပါပဲ။
နေ့စဉ်နဲ့အမ ျှ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းတွေနဲ့ကြံုရတယ်၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင််းဆိုုတာကိုုလည်း ခံစားကြရပါတယ်။အောင်မြင်ခြင်းရှံုးနိမ့်ခြင်းရဲ့နောက်က ၀မ်းနည်းရတာ တွေ…စိတ်ထိခိုုက်ရတာတွေတင်မက ဆုံုးရှံုုးနစ်နာရခြင်းတွေနဲ့လည်း မကင်းကြရပါဘူး။
အချို့ကတော့မနက်ဖြန်ဆိုုတာမရှိချင်လောက်အောင်် ဘဝကိုု လက်လျော့ပြီး အရှံုးပေးလိုုက်ချင်ကြတယ်။ ငါတော့ဒီအဆိိုုးတွေကိုု ကျော်နိုုင်တော့မှာ မဟုုတ်ဘူးဆိုုပြီး စိတ်ပျက်လက်ပျက်နဲ့ ဘဝအတွက် အားလျော့ပြီး ကြံုလာတဲ့အဆိုုးတွေကိုု အရှံုးပေးတာမျိျုး ရှိသလိုု၊ အဆိုုးတွေကိုု အရွဲ့တိုုက်ပြီး အဆိုုးနဲ့တုုန့်ဲပြန်တာတွေလည်း လုုပ်တတ်ကြပါတယ်။
ကျမအနေနဲ့ အဆိုုးတွေကိုု အရှံုးမပေးစေချင်သလိုု၊ အဆိုုးတွေကြံုချိန်မှာ အဆိုုးတွေပေါ်မှာ အကုုသိုုုလ်တွေ အဆိုုးတွေထပ်တိုုးပြီး တုုန့်ပြန်ကြမှာမျိုးလည်း မဖြစ်စေချင်ပါဘူး။အဆိုုး သံသရာကိုု တိုုစေဖိုု့ပဲ အားပေးလိုုပါတယ်။
အဲဒါကြောင့် မနက်ဖြန်ဟာ ဒီနေ့ထက် ပိုုလှမယ်လိုု့ ယုံုကြည်စိတ်ချကြစေချင်တယ်။ အဲဒီလို ယုံကြည်နိုင်အောင်လည်း ကိုယ့်ဘက်က အကောင််းဆုံးရင်ဆိုင်ဖြေရှင်းပါနော်။
မနက်ဖြန်ဟာ ဒီကနေ့ထက်တော့ပိုုလှအောင်လည်း ကြိုးစားအားထုုတ်လိိုု့ရပါတယ်။ အဲဒါကတော့ ကုသိုုလ်ရေးတွေ များများလုုပ်ခြင်းပါပဲ။ ဒါနကုသိုုလ်လုုပ်တာမျိုး၊ သီလစောင့်ထိန်းတာမျိုး။ ဘာဝနာတရားအားထုုတ်တာတွေက အကုသိုုလ်တွေကိုု ပါးစေ၊လျော့ကျစေပါတယ်။
ကျမအနေနဲ့လည်း ဘဝရဲ့အဆိုုးတွေကြံုနေချိန်မှာ ကုုသိုုလ်ရေးတွေများများလုုပ်ပြီး အားတင်းရင်ဆိုုင်နေပါတယ်။ အဆိုုးတွေကြံုချိန်မှာ ကိုုယ့်ကိုုယ်ကိုု ပိုုပြီးဂရုုတစိုုက်နေထိုုင်ပါတယ်၊ အကုုသိုုလ်အလုုပ်တွေနဲ့ ကင်းအောင်နေပါတယ်။
တကယ်ပါ အဆိုုးကြံုချိန်မှာ ကျမအပေါ် ညစ်ပတ်တဲ့သူတွေနဲ့လည်း ကြံုရပါတယ်၊ အခက်အခဲတွေ့နေပါတယ်ဆိုုမှ အဲဒီအခက်အခဲပေါ်ကိုု အနိုုင်ကျင့်တဲ့သူတွေလည်း ရှိပါတယ်။ လက်တစ်လုံုးခြားစကားလေး နှစ်လုံုးတည်းနဲ့ မတရားလုုပ်တတ်တဲ့သူလည်း ကြံုတာပါပဲ။ အဲဒီလိုု ညစ်ပတ်တာ မသိလိုု့ မဟုုတ်လိုု့မဟုုတ်သလိုု၊ အခက်အခဲပေါ်ကိုု အမြတ်ထုုတ်ပြီး အနိုုင်ကျင့်တာကိုုလည်း မမြင်လိုု့မဟုုတ်ပါဘူး။ ဒါပေမဲ့ ကျမ အပြံုးမပျက် သည်းခံပြီး နေပါတယ်။
အဲဒီလိုု သည်းခံတာဟာ လောကဓံဆိုုးကိုု ကြောက်လိုု့လည်း မဟုုတ်ပါဘူး။ အရင်ဘဝတုုန်းက ကိုုယ်ကသူ့အပေါ်မတရားလုုပ်ထားမိလေသလား ဆိုုတဲ့ စိတ်နဲ့ သံသရာကြွေးဖိုု့ သည်းခံတာလည်း မဟုုတ်ပါဘူး။
သည်းခံခြင်းဆိုုတာ ပါရမီ ၁၀ ပါးထဲမှာ အခက်ခဲဆုံုးဖြစ်တဲ့ ခန္ဓီပါရမီကိုု ကျင့်ခွင့်ရပြီလိုု့ သဘောထားပြီး ကိုုယ့်အပေါ်မတရားတဲ့သ၊ူ ကိုုယ့်အပေါ် အနိုုင်ကျင့်နေတဲ့သူတွေက ကိုုယ့်အတွက် ပါရမီဖြည့်ပေးနေတာလိုု့ သဘောထားလိုုက်တဲ့အခါ အမုုန်းစိတ်၊နာကြည်းစိတ်မဝင်ဘဲနဲ့ သည်းခံနေခဲ့တာပါ။ ခန္ဓီပါရမီကတော့ ခုုဘဝအတွက်ရော သံသရာအတွက်ပါ အရှံုးမရှိပါဘူး။
ဒါကြောင့် ဘဝမှာ ဘယ်လိုုပဲဲ လောကဓံဆိုုးကြံုကြံု သည်းခံပါ။ တောင့်ခံပါ၊ ကြံ့ကြံ့ခံပါ၊ အားမလျော့ပါနဲ့အဆိုုးနဲ့ မတုုန့်ပြန်ပါနဲ့ မဖြစ်လွန်းလိုု့ပါဆိုုပြီး အကုုသုုိလ်နဲ့လည်း မရှင်သန်ပါနဲ့လိုု့ တိုုက်တွန်းချင်တာပါ။
ဘဝတိုုင်းမှာ အကောင်းနဲ့အဆိုုး အမြဲတမ်း တစ်လှည့်ဆီကြံုကြရပါတယ်။ အချို့က ကောင်းတာကြံုနေချိန်မှာလည်း ကောင်းနေပြီဆိုုတာ သိနေပြီး အဆိုုးကြံုတဲ့အခါမှာ ခံနိုုင်ရည်ရှိအောင် ပြင်ဆင်ထားတတ်ကြပါတယ်။
ကောင်းနေချိန်မှာလည််း ကောင်းနေချိန်မိုု့ ဆိုုးနေချိန်မှာလည်း ဆိုုးနေတာမိုု့ ကုုသိုုလ်တွေ ပိုုတိုုးပြီးလုုပ်ထားသင့်ပါတယ်။ ကောင်းကောငး်ဆိုုးဆိုုး သီလနဲ့ သမာဓိအားကောင်းအောင် တည်ဆောက်ထားတာတွေကိုု လုုပ်သင့်တာပါပဲ။
ကျမအနေနဲ့လည်း အကောင်းတွေကြံုနေချိန်မှာ အဆိုုးဆိုုတာလည်း လာတတ်တဲ့အတွက် အကောင်းကြံုချိန်မှာ လာမဲ့အဆိုုးကိုု လက်ခံရင်ဆိုုင်နိုုင်ဖိုု့… ကုုသိုုလ်တွေ စုုထားပါတယ်။ သီလသမာဓိအားကောင်းအောင် တည်ဆောက်ထားပါတယ်။ဒါမှလည်း အဆိုုးကြံုချိန်မှာ စိတ်ခွန်အားနဲ့အားတင်းရင်ဆိုုင်နိုုင်ပြီး လောကဓံကိုု ခံနိုုင်ရည်ရှိမှာပါ။
အဲဒါကြောင့် ဘဝမှာ ဘယ်လောက်ပဲ အဆိုုးကြံုပါစေ အားတင်းရင်ဆိုုင်ပြီး အဆိုုးကြံုချိန်မှာ ဆိုုးတာတွေ (အကုုသိုုလ်)တွေ မလုုပ်မိအောင် ဂရုုစိုုက်သလိုု ကုုသိုုလ်တွေချည်းပဲ လုုပ်မိအောင်လည်း ကြိုးစားအားထုုတ်ကြရတာပါ။
တကယ်လည်း အဆိုုးနဲ့အကောင်းဆိိုုတာ တစ်လှည့်ဆီကြံုကြရတာ လူတိုုင်းလည်း သိပါတယ်။ဒါကြောင့် ဘယ်လောက်ပဲ ဆိုုးတဲ့ လောကဓံကိုု ကြံုနေရပါစေ အားတင်းရင်ဆိုုင်ထားပါ၊ မကြာခင် ကောင်းတာတွေ လာတော့မှာပါ၊ ကောင်းတာတွေ လာနိုုင်အောင်လည်း ကိုုယ့်အနေနဲ့ မကောင်းတာတွေ မလုုပ်ဘဲနဲ့(အကုုသိုုလ်)ကင်းအောင်နေပြီး၊ ကောင်းတာတွေကုုိ လုုပ်ရင်း မနက်ဖြန်ကိုု စောင့်ပါလိုု့ကျမကတော့အကြံုပြုချင်ပါတယ်။
လှပတဲ့ မနက်ဖြန်ဆိုုတာ လူတိုုင်းမှာ ရှိနေပါတယ်။
ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖိုု့ ဖိတ်ခေါ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)