Teach

အခ်ိန္လြန္မွ ဆြမ္းေတာ္စြန္႔ျခင္းသည္ ငရဲႀကီးႏုိင္ပါသလား?

အရွင္ဘုရားတပည့္ေတာ္မေမးခ်င္တာေလးရွိလို႔ပါဘုရား အရွင္ဘုရားေျဖေပးမယ္ဆိုရင္ တကယ္ကို ဝမ္းသာမိမွာပါဘုရား။ တပည့္ေတာ္မတို႔က အလုပ္ကို မနက္အေစာႀကီးသြားညမိုးခ်ဳပ္မွျပန္ေရာက္ပါတယ္ဘုရား။ အလုပ္မသြားခင္မွာ ဆြမ္းေတာ္ နဲ႔ ေသာက္ေတာ္ေရခ်မ္းကိုအၿမဲကပ္လႉပါတယ္။ ညမိုးခ်ဳပ္ျပန္ေရာက္မွပဲစြန႔္ရပါတယ္ဘုရား။ အဲ့ဒီ့အတြက္ တပည့္ေတာ္မ စိတ္ထဲမတင္မက်ျဖစ္မိပါတယ္။ ျပန္ေရာက္မွစြန႔္ရတဲ့အတြက္ကုသိုလ္မရ ငရဲရမွာေၾကာက္ပါတယ္ဘုရား။ မိုးခ်ဳပ္မွ စြန႔္ေကာင္းလား။ မစြန႔္ေကာင္းလား သိခ်င္ပါတယ္ဘုရား။ (ပန္းအိမ္စံ)

လူေတြမွာ ရွစ္ပါးသီလေဆာက္တည္ထားပါလွ်င္ ညစာမစားရပါဘူး။ ထို႔ေၾကာင့္ ျမတ္စြာဘုရားရွင္ကို ဆြမ္းေတာ္တင္တာ ေကာင္းပါတယ္။ ဒါေပမယ့္ ၁၂နာရီမေက်ာ္ခင္စြန႔္ပါလို႔ အႀကံျပဳပါတယ္။ ကိုယ္တိုင္မစြန႔္ႏိုင္ပါလွ်င္ အိမ္မွာရွိသူတစ္ဦးဦး အား စြန႔္ခိုင္းေစခ်င္ပါတယ္။ သို႔မဟုတ္ ႐ုံးမသြားခင္ အ႐ုဏ္ျဖစ္ျဖစ္ေသာ္လည္းေကာင္း၊ ခ်က္ျပဳတ္ၿပီးစီး လွ်င္ေသာ္ လည္းေကာင္း ဆြမ္းေတာ္တင္ၿပီး ႐ုံးသြားခါနီးစြန႔္ႏိုင္ပါတယ္။ ဒကာမ။

ညေနထိေတာ့ မထားေကာင္းပါ။ အ႐ုဏ္ဆြမ္းကပ္လွ်င္လည္း အ႐ုဏ္တက္မွသာ ကပ္ေကာင္းပါ၏။ အ႐ုဏ္မတက္ဘဲ ကပ္ပါက ညဆြမ္းလိုျဖစ္ၿပီး အျပစ္ျဖစ္ႏိုင္ပါသည္။ အ႐ုဏ္တက္ခ်ိန္က လစဥ္ေျပာင္းလဲေလ့ရွိသျဖင့္ အနည္းဆုံး လစဥ္ နံနက္ ၅း၃၀ ေလာက္ကပ္မွ သင့္ေတာ္မည္ျဖစ္ပါသည္။ ၄း၃၀ ၄း၄၀ ၅နာရီစသည္ျဖင့္ အ႐ုဏ္တက္ခ်ိန္ လစဥ္ေျပာင္းလဲ ေလ့ရွိသည္ကို သတိျပဳအပ္၏။

ထို႔ေၾကာင့္ မယုတ္မလြန္ လစဥ္ နံနက္ (၅း၃၀) နာရီဆိုပါလွ်င္ ကပ္မည္ဆိုပါက လစဥ္လတိုင္း အဆင္ေျပမည္ျဖစ္ပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အကယ္၍ (၄း၃၀)ကို လစဥ္လတိုင္းကပ္မည္ဆိုပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့္ျဖင့္ အ႐ုဏ္ တက္သည့္လမ်ားတြင္ ကိုယ္က (၄း၃၀) လစဥ္လတိုင္းကပ္မိပါက ညဆြမ္းလိုျဖစ္ၿပီး အျပစ္ျဖစ္ႏိုင္ေသာေၾကာင့္ ျဖစ္ပါ သည္။

အခ်ဳပ္အားျဖင့္ ေန႔ဆြမ္းဆိုလွ်င္ ေန႔လည္ ၁၂ နာရီ မထိုးခင္ စြန႔္သင့္ၿပီး အ႐ုဏ္ဆြမ္း ဆိုပါလွ်င္ ေရွ႕လြတ္၊ ေနာက္လြတ္ (၅း၃၀) နာရီ ေလာက္ ကပ္သင့္ေၾကာင္း ေျဖၾကားလိုက္ပါသည္။ သစ္သီးဆြမ္းမ်ားကိုလည္း ထိုနည္းအတူမွတ္ပါ။ ေရွးက မသိခဲ့လို႔ မစြန႔္မိတာကို စိတ္ထဲ စြဲလန္းမထားဘဲ ယခုသိလိုက္သည့္အခ်ိန္တြင္ ေနာက္မလုပ္မိေအာင္သာ ဂ႐ုစိုက္ပါ။ သက္ရွည္က်န္းမာစိတ္ခ်မ္းသာ၍ လိုရာဆႏၵမ်ားတစ္လုံးတစ္ဝတည္းျပည့္ဝပါေစ။

Credit: အရွင္ဝိမလဝံသ(နာလႏၵာတကၠသိုလ္)

#Unicode Version# ျဖင့္ဖတ္ပါ ။

အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။ တပည့်တော်မတို့က အလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါတယ်ဘုရား။ အလုပ်မသွားခင်မှာ ဆွမ်းတော် နဲ့ သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။ ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။ အဲ့ဒီ့အတွက် တပည့်တော်မ စိတ်ထဲမတင်မကျဖြစ်မိပါတယ်။ ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရား။ မိုးချုပ်မှ စွန့်ကောင်းလား။ မစွန့်ကောင်းလား သိချင်ပါတယ်ဘုရား။ (ပန်းအိမ်စံ)

လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာ ကောင်းပါတယ်။ ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလို့ အကြံပြုပါတယ်။ ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦး အား စွန့်ခိုင်းစေချင်ပါတယ်။ သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီး လျှင်သော် လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီးစွန့်နိုင်ပါတယ်။ ဒကာမ။

ညနေထိတော့ မထားကောင်းပါ။ အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုဏ်မတက်ဘဲ ကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။ အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံး လစဉ် နံနက် ၅း၃၀ လောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။ ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲ လေ့ရှိသည်ကို သတိပြုအပ်၏။

ထို့ကြောင့် မယုတ်မလွန် လစဉ် နံနက် (၅း၃၀) နာရီဆိုပါလျှင် ကပ်မည်ဆိုပါက လစဉ်လတိုင်း အဆင်ပြေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ (၄း၃၀)ကို လစဉ်လတိုင်းကပ်မည်ဆိုပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့်ဖြင့် အရုဏ် တက်သည့်လများတွင် ကိုယ်က (၄း၃၀) လစဉ်လတိုင်းကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့် ဖြစ်ပါ သည်။

အချုပ်အားဖြင့် နေ့ဆွမ်းဆိုလျှင် နေ့လည် ၁၂ နာရီ မထိုးခင် စွန့်သင့်ပြီး အရုဏ်ဆွမ်း ဆိုပါလျှင် ရှေ့လွတ်၊ နောက်လွတ် (၅း၃၀) နာရီ လောက် ကပ်သင့်ကြောင်း ဖြေကြားလိုက်ပါသည်။ သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူမှတ်ပါ။ ရှေးက မသိခဲ့လို့ မစွန့်မိတာကို စိတ်ထဲ စွဲလန်းမထားဘဲ ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာ ဂရုစိုက်ပါ။ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။

Credit: အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)