Teach

ပန္းပဲ ဆရာႀကီးရဲ႕ ဆံုးမစကား (လူငယ္တုိင္း မွတ္ထားသင့္ပါတယ္။)

တစ္ေန႔မွာ ေကာင္ေလးတေယာက္ဟာ ဓားက်ိဳးေလး ႏွစ္စကိုင္ၿပီး အဖိုးျဖစ္သူ ပန္းဘဲဆရာထံ ေရာက္ခဲ့တယ္….

“အဖိုးေရ အဖိုး အဖိုးေရ….” ” ေဟ..! ဘာလဲကြ  မင္းမွာလည္း အလန္႔တၾကားနဲ႔ ဘာကိစၥရွိလို႔လည္းကြ….” ထိုအခ်ိန္မွာ ေကာင္ေလးဟာ မ်က္ရည္စေလးဝဲၿပီး တခုခုကိုေၾကာက္ရြံ႕ေသာ အေနထားျဖင့္….

“ဟိုေလ…! အဖိုး မေန႔ကသား ေက်ာက္တုံးကို ခုတ္ကစားေနရင္း ဓားမႀကီးက က်ိဳးသြားလို႔ပါအဖိုး အေဖေျပာတယ္ ဓားအသစ္မရရင္ အိမ္မျပန္လာနဲ႔တဲ့ သားကို ကယ္ပါဦးအဖိုးရယ္ ဓားမွမရရင္ သားအိမ္ျပန္မရဲလို႔ပါ….”

” မင္းကလည္းကြာ တတ္တတ္ဆန္းဆန္း ေက်ာက္တုံးကိုမွ ဓားနဲ႔ခုတ္ရတယ္လို႔ကြာ…” ” ဟာ အဖိုးကလည္း သားပထမ အစမ္း  ခုတ္ၾကည့္ၿပီးပါၿပီဗ် ဓားကမွ ဘာမွမျဖစ္တာ သားက ဒီဓားကိုယုံၾကည္လို႔ ေက်ာက္တုံးကို အျပတ္ခုတ္ဖို႔ ဆုံးျဖတ္လိုက္မိတာပါ…

“ေဟ…. မင္းကလည္းကြာ မင္းဓားက ဘယ္လာက္ ေကာင္းေနလို႔လည္းဟ ဘယ္ေလာက္ထိ ေကာင္းတဲ့ ဓားျဖစ္ေနပါေစ မာေက်ာတဲ့အရာတခုကို ခုတ္ပါမ်ားေတာ့ သူဘယ္ခံႏိုင္ပါ့မလည္းကြယ့္…ဒီမွာ ငါ့ေျမးမွတ္ထား..! ေလာကႀကီးဟာလည္း အဲဒီဓားတလက္လိုပါဘဲ ကိုယ့္မွာပစၥည္းဥစၥာ ပညာ၊အာဏာရွိတိုင္း သူတပါးကို ဘာပဲလုပ္လုပ္ လုပ္လို႔ရတယ္ထင္ၿပီး အရမ္းမလုပ္နဲ႔။ သူတပါး အေၾကာင္းမသိခင္မွာ တခါႏွစ္ခါ အသာရခ်င္ ရပါလိမ့္မယ္ အခါမ်ားလို႔ အေၾကာင္း သိလာရင္ ေပါင္းမိေပါင္းရာနဲ႔ ေပါင္းၿပီး မင္းဘဝကိုျပာက်သြားေအာင္ သူတို႔တေတြ လုပ္ ေဆာင္ႏိုင္တယ္ဆိုတာ ငါ့ေျမး သတိထားပါ…”

“ဟုတ္ကဲ့အဖိုး သားမွတ္ထားပါ့မယ္….” “ေအးကြာ ေကာင္းပါၿပီ….ကဲလာ… ဖိုထဲသြားရေအာင္ ငါ့မွာလည္း တစ္ေယာက္ တည္းမို႔ သံ မီးဖုတ္ဖို႔ မီးေမႊးၿပီး  မင္း ဖိုဆြဲေပးရလိမ့္မယ္….”

“ဟာ…. အဖိုးကလည္း သားကမီးအပူမွ မခံႏိုင္တာ မီးမဖုတ္ပဲ ဒီ အတိုင္းထုလို႔မရဘူးလား အဖိုး….” “တယ္….! ဒီကေလး နဲ႔ေတာ့ ခက္ေတာ့တာဘဲ အပူမေပးဘဲ ဒီအတိုင္းထုရင္ မင္းယူလာတဲ့ ဓားႏွစ္စက ငါ့ဆီေရာက္မွ အစ,တစ္ရာ ေလာက္ျဖစ္ သြားမွာေပါ့ကြ…မွတ္ထားပါ ေျမးေလး..! ငါ့ေျမးကို အဖိုးေျပာစရာ တခုက်န္ေသးတယ္…

“အပူဒဏ္မေပးဘဲ ဓားတလက္ကို လိုရာပုံသြင္း၍ မရတတ္သလို ဘာအပူပင္တခုမွ မရွိတဲ့ ဘဝတခုကိုလည္း လိုရာ ပုံသြင္းဖို႔ ခက္လွပါတယ္…ဒါ့ေၾကာင့္ မိဘနားေန မိဘဆီမွာစားေနၾကတဲ့ ငါ့ေျမးတို႔လိုအရြယ္က အပူမေပးထားတဲ့ဓားနဲ႔ တူတယ္။ အခုလို မင္းအေဖက မင္းကိုအပူတတ္ေပးတာ မင္းကို ပုံသြင္းလိုက္တာနဲ႔ တူတူပါဘဲ ေျမးေလးရဲ႕…

ေလာကမွာ ပူပင္ဒုကၡေတြမ်ားလာေလေလ ကိုယ့္ဘဝအတြက္ အျမင္က်ယ္ေလေလပါ။ အဲ့ဒီလို အျမင္က်ယ္ေလေလ ကိုယ့္ဘဝအတြက္ ကိုယ္ လိုရာပုံ သြင္းလို႔ရေလေလပါဘဲ ေျမးေလး…မိမိဘဝ မိမိဒုကၡနဲ႔ မိမိရင္မဆိုင္ခင္အခ်ိန္ဟာ. ! ဓားေကာင္းတလက္ရရွိဖို႔ ရိုက္ႏွက္ထုေထာင္း ပုံသြင္းေနၾကတဲ့ အဖိုးတို႔လို ပန္းဘဲဆရာေတြ ရွိမွ ျဖစ္ႏိုင္သလို… ငါ့ေျမးတို႔ လို အရြယ္ေတြအတြက္ သားေကာင္းရတနာ တစ္ေယာက္ျဖစ္ဖို႔အတြက္ ဟိန္းေဟာက္ ၿခိမ္းေျခာက္ တတ္တဲ့ မိဘ ဆရာ သမားေကာင္းေတြ ရွိမွျဖစ္မယ္ ငါ့ေျမးရဲ႕….”

” သား နားလည္ပါၿပီ အဘိုး….”

Credit: Ashin Marnita

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်နေ့မှာ ကောင်လေးတယောက်ဟာ ဓားကျိုးလေး နှစ်စကိုင်ပြီး အဖိုးဖြစ်သူ ပန်းဘဲဆရာထံ ရောက်ခဲ့တယ်….

“အဖိုးရေ အဖိုး အဖိုးရေ….” ” ဟေ..! ဘာလဲကွ  မင်းမှာလည်း အလန့်တကြားနဲ့ ဘာကိစ္စရှိလို့လည်းကွ….” ထိုအချိန်မှာ ကောင်လေးဟာ မျက်ရည်စလေးဝဲပြီး တခုခုကိုကြောက်ရွံ့သော အနေထားဖြင့် ….

“ဟိုလေ…! အဖိုး မနေ့ကသား ကျောက်တုံးကို ခုတ်ကစားနေရင်း ဓားမကြီးက ကျိုးသွားလို့ပါအဖိုး အဖေပြောတယ် ဓားအသစ်မရရင် အိမ်မပြန်လာနဲ့တဲ့ သားကို ကယ်ပါဦးအဖိုးရယ် ဓားမှမရရင် သားအိမ်ပြန်မရဲလို့ပါ….”

” မင်းကလည်းကွာ တတ်တတ်ဆန်းဆန်း ကျောက်တုံးကိုမှ ဓားနဲ့ခုတ်ရတယ်လို့ကွာ…” ” ဟာ အဖိုးကလည်း သားပထမ အစမ်း  ခုတ်ကြည့်ပြီးပါပြီဗျ ဓားကမှ ဘာမှမဖြစ်တာ သားက ဒီဓားကိုယုံကြည်လို့ ကျောက်တုံးကို အပြတ်ခုတ်ဖို့ ဆုံးဖြတ်လိုက်မိတာပါ…

“ဟေ…. မင်းကလည်းကွာ မင်းဓားက ဘယ်လာက် ကောင်းနေလို့လည်းဟ ဘယ်လောက်ထိ ကောင်းတဲ့ ဓားဖြစ်နေပါစေ မာကျောတဲ့အရာတခုကို ခုတ်ပါများတော့ သူဘယ်ခံနိုင်ပါ့မလည်းကွယ့်…ဒီမှာ ငါ့မြေးမှတ်ထား..! လောကကြီးဟာလည်း အဲဒီဓားတလက်လိုပါဘဲ ကိုယ့်မှာပစ္စည်းဥစ္စာ ပညာ၊အာဏာရှိတိုင်း သူတပါးကို ဘာပဲလုပ်လုပ် လုပ်လို့ရတယ်ထင်ပြီး အရမ်းမလုပ်နဲ့။ သူတပါး အကြောင်းမသိခင်မှာ တခါနှစ်ခါ အသာရချင် ရပါလိမ့်မယ် အခါများလို့ အကြောင်း သိလာရင် ပေါင်းမိပေါင်းရာနဲ့ ပေါင်းပြီး မင်းဘဝကိုပြာကျသွားအောင် သူတို့တတွေ လုပ် ဆောင်နိုင်တယ်ဆိုတာ ငါ့မြေး သတိထားပါ…”

“ဟုတ်ကဲ့အဖိုး သားမှတ်ထားပါ့မယ်….” “အေးကွာ ကောင်းပါပြီ….ကဲလာ… ဖိုထဲသွားရအောင် ငါ့မှာလည်း တစ်ယောက် တည်းမို့ သံ မီးဖုတ်ဖို့ မီးမွှေးပြီး  မင်း ဖိုဆွဲပေးရလိမ့်မယ်….”

“ဟာ…. အဖိုးကလည်း သားကမီးအပူမှ မခံနိုင်တာ မီးမဖုတ်ပဲ ဒီ အတိုင်းထုလို့မရဘူးလား အဖိုး….” “တယ်….! ဒီကလေး နဲ့တော့ ခက်တော့တာဘဲ အပူမပေးဘဲ ဒီအတိုင်းထုရင် မင်းယူလာတဲ့ ဓားနှစ်စက ငါ့ဆီရောက်မှ အစ,တစ်ရာ လောက်ဖြစ် သွားမှာပေါ့ကွ…မှတ်ထားပါ မြေးလေး..! ငါ့မြေးကို အဖိုးပြောစရာ တခုကျန်သေးတယ်…

“အပူဒဏ်မပေးဘဲ ဓားတလက်ကို လိုရာပုံသွင်း၍ မရတတ်သလို ဘာအပူပင်တခုမှ မရှိတဲ့ ဘဝတခုကိုလည်း လိုရာ ပုံသွင်းဖို့ ခက်လှပါတယ်…ဒါ့ကြောင့် မိဘနားနေ မိဘဆီမှာစားနေကြတဲ့ ငါ့မြေးတို့လိုအရွယ်က အပူမပေးထားတဲ့ဓားနဲ့ တူတယ်။ အခုလို မင်းအဖေက မင်းကိုအပူတတ်ပေးတာ မင်းကို ပုံသွင်းလိုက်တာနဲ့ တူတူပါဘဲ မြေးလေးရဲ့…

လောကမှာ ပူပင်ဒုက္ခတွေများလာလေလေ ကိုယ့်ဘဝအတွက် အမြင်ကျယ်လေလေပါ။ အဲ့ဒီလို အမြင်ကျယ်လေလေ ကိုယ့်ဘဝအတွက် ကိုယ် လိုရာပုံ သွင်းလို့ရလေလေပါဘဲ မြေးလေး…မိမိဘဝ မိမိဒုက္ခနဲ့ မိမိရင်မဆိုင်ခင်အချိန်ဟာ. ! ဓားကောင်းတလက်ရရှိဖို့ ရိုက်နှက်ထုထောင်း ပုံသွင်းနေကြတဲ့ အဖိုးတို့လို ပန်းဘဲဆရာတွေ ရှိမှ ဖြစ်နိုင်သလို… ငါ့မြေးတို့ လို အရွယ်တွေအတွက် သားကောင်းရတနာ တစ်ယောက်ဖြစ်ဖို့အတွက် ဟိန်းဟောက် ခြိမ်းခြောက် တတ်တဲ့ မိဘ ဆရာ သမားကောင်းတွေ ရှိမှဖြစ်မယ် ငါ့မြေးရဲ့….”

” သား နားလည်ပါပြီ အဘိုး….”

Credit: Ashin Marnita