Crime

မြောင်းမြအကျဉ်း​ထောင်​အတွင်း ​ထောင်​ဝင်​စာလာတွေ့သော အမျိုးသမီးတစ်​ဦးဆီမှ ကြက်သွန်များကို မသင်္ကာသဖြင့် စစ်ဆေးလိုက်သောအခါ


မြောင်းမြ ဇွန် ၁၁









ရဝေမောင်(မြောင်းမြ)

unicode

မြောင်းမြအကျဉ်းထောင်တွင်မူးယစ်ဆေးဝါးအမှုဖြင့်ထောင်ဒဏ်(၂၄)နှစ်ကျခံနေသူအားထောင်ဝင်လာတွေ့သူအမျိုးသမီးတစ်ဦးကထောင်ဝင်စာပို့သည့်ပစ္စည်းထဲသို့မူးယစ်ဆေးများထည့်သွင်းပို့ဆောင်သည်ကိုဖမ်းဆီးရမိခြင်း

မြောင်းမြ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့.အကျဉ်းထောင်တွင်.၁၁.၆.၂၀၁၉.ညနေ.၅.နာရီခန့်တွင်မူးယစ်ဆေးဝါးမှုဖြင့်ထောင်ဒဏ်(၂၄)နှစ်ကျခံနေသော.မြတ်လင်းစံအား.ထောင်ဝင်စာတွေ့ရန်လာရောက်သည့်….

မညွန့်ညွန့်စန်း(ခ)မသဇင်ယူဆောင်လာသောထောင်ဝင်စာပစ္စည်းများကိုရှာဖွေရေးတာဝန်ကျ.လ/ထကြီးကြပ်ရေးမှူး.၁.ညီညီထက်နှင့်အဖွဲ့မှရှာဖွေစစ်ဆေးစဉ်.ကြက်သွန်နီဥများအားမသင်္ကာဖွယ်တွေ့ရှိကြောင်းအကြောင်းကြားသဖြင့်.…

မြောင်းမြရဲစခန်းမှနယ်ထိန်းခေါင်းဆောင်.ဒုရဲအုပ်တင်ကိုကိုလင်းနှင့်တပ်ဖွဲ့ဝင်များ.အမှတ်.၄.ရပ်ကွက်အုပ်မှူး.ဦးသန်းဆွေဦးအမှတ်.၂.ရပ်ကွက်ရာအိမ်မှူးဦးနိုင်ဝင်းတို့သွားရောက်ခဲ့ပြီး…..

အကျဉ်းထောင်ဝန်ထမ်းများနှင့်အတူသက်သေများရှေ့တွင်မညွန့်ညွန့်စန်းယူဆောင်လာသည့်.မြတ်လင်းစံ(ဘ)ဦးလှဝင်းအမည်ပါသည့်အဖြူရောင်ကျွတ်ကျွတ်အိတ်တွင်းမှကြက်သွန်နီဥခွံ(၂၄)လုံးအတွင်းပလပ်စတစ်.၁.ထပ် …..

ခဲရောင်စက္ကူ.၁.ထပ်တို့ဖြင့်လုံး၍ထုပ်ထားသော.WY.စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား.ပန်းရောင်(၁၄၀၀)ပြားအလေးချိန်(၁၄၀)ဂရမ်.အစိမ်းရောင်(၁၀)ပြားအလေးချိန်.၁.ဂရမ်.စုစုပေါင်း(၁၄၁၀)ပြားတန်ဘိုးငွေ.(၄၂၃၀၀၀၀)နှင့်ICE.ဟုယူဆရသော……

အဖြူရောင်ပုံဆောင်ခဲ.အလေးချိန်(၂၄)ဂရမ်.တန်ဖိုးငွေ(၁၂၀၀၀၀၀)တို့အားတွေ့ရှိခဲ့ပြီးမညွန့်ညွန့်စန်းထံမှဘေးလွယ်အိတ်တစ်လုံး.လက်ကိုင်ဖုန်း.၂.လုံး.မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း.ငွေစက္ကူရောရာ.၁၅၈၀၅၀ိ/ကျပ်တို့အားရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ပြီး…..

စိတ်ကြွရူးသွပ်ဆေးပြားနှင့်ICE.ဟုယူဆရသောအဖြူရောင်ပုံဆောင်ခဲတို့အားတရားမဝင်လက်ဝယ်ထားရှိ သယ်ဆောင်သူ .မညွန့်ညွန့်စန်း(ခ)မသဇင်(၃၃)နှစ်(ဘ)ဦးခင်ညွန့်.အမှတ်.၃၈၁.ယမုံနာ.၂.ရပ်ကွက်.ဒေါပုံမြို့နေသူနှင့်.အကျဉ်းကျနေသူ…..

မြတ်လင်းစံ(ခ)မြတ်စံ(ခ)လင်းလင်း(၃၇)နှစ်(ဘ)ဦးလှဝင်း.တိုက်.၅.အခန်း(၂၀၈)အေဘလောက်.၈၄.ရပ်ကွက်.ယုဇနဥယာဉ်မြို့တော်.ဒဂုံဆိပ်ကမ်းမြိုနယ်.ရန်ကုန်တို့အားမြောင်းမြမြို့မရဲစခန်းမှ(ပ)၇/၂၀၁၉ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောပုဒ်မ.၁၉(က)/၂၀(က)/၂၁.အရအရေးယူဖွင့်လှစ်ထားကြောင်းသတင်းရရှိပါသည်…

ရဝေမောင်(မြောင်းမြ)

unicode