Local

ဘဏ္တြင္ေငြလာထုတ္သည့္ အမ်ိဳးသားတစ္ဦး အသက္ရႈၾကပ္ဟုဆိုကာ ပါးစပ္မွအျမဳတ္မ်ားထြက္ ေသဆံုး

ပဲခူးတိုင္းေဒသၾကီး ျပည္ခရိုင္ ျပည္ျမိဳ႕ ျပည္ -ရန္ကုန္ကားလမ္းေဘးCB -Bank တြင္ ေငြလာထုတ္သူ အမ်ိဳးသားတစ္ဦးေသဆုံးသြား ေၾကာင္းသိရသည္။

(၁၂.၆.၂၀၁၉)ရက္ေန႔၊ ေန႔လည္(၁၁)နာရီ (၅၅)မိနစ္အခ်ိန္ခန္႔ CB -ဘဏ္သို႔ ဦးသန္႔ဇင္ဦး(ဘ)ဦးသန္းဝင္း စည္ေတာ္မဂၤလာရပ္ ရြာဘဲရပ္ကြက္ ျပည္ျမိဳ႕ေနသူေရာက္ရွိလာျပီး ေငြက်ပ္(၅)သိန္း (၂)ေသာင္းလာေရာက္ထုတ္ယူစဥ္ ေငြလက္ထဲသို႔မေရာက္ခင္ဘဏ္အတြင္း၌ ေစာင့္ဆိုင္းေနခိုက္ေမာတယ္၊ အသက္ရႈၾကပ္သည္ဟုဆိုကာ ဘဏ္အျပင္ဘက္သို႔ ထြက္လာစဥ္ ဘဏ္အေပါက္ဝ၌ လဲက်ကာ ပါးစပ္မွအျမဳပ္မ်ားထြက္ကာ ေသဆုံးခဲ႔ေၾကာင္းသိရသည္။

ထိုသို႔ေသဆံုးရျခင္းမွာ မိုးမိၿပီး အဲကြန္းအေအးႏွင့္ ေလ်ာ့ျဖစ္ျခင္း၊ အတက္ေရာဂါ၊ ႏွလံုးေသြးေၾကာပိတ္ျခင္း၊ အစာအဆိပ္သင့္ျခင္းျဖစ္ေၾကာင္း ပတ္ဝန္းက်င္မွ ထင္ျမင္ယူဆခ်က္မ်ားကိုလည္း ၾကားသိခဲ့ရပါသည္။

ထိုေၾကာင့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပည္ျမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ျမင့္ေဇာ္ႏွင့္ တာဝန္းမွဴတို႔သြားေရာက္စစ္ေဆးလွ်က္ရွိျပီး ဦးသန္႔ဇင္ဦး ေသဆုံးရသည့္အေၾကာင္းအရင္အား ေသမႈေသခင္းဖြင့္ကာစစ္ေဆး ေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရွိရပါသည္။

ျပည့္သဲေမာင္(ျပည္)09423671883 ျပည္သတင္း

Unicode Version

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ပြည် -ရန်ကုန်ကားလမ်းဘေးCB -Bank တွင် ငွေလာထုတ်သူ အမျိုးသားတစ်ဦးသေဆုံးသွား ကြောင်းသိရသည်။

(၁၂.၆.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၁)နာရီ (၅၅)မိနစ်အချိန်ခန့် CB -ဘဏ်သို့ ဦးသန့်ဇင်ဦး(ဘ)ဦးသန်းဝင်း စည်တော်မင်္ဂလာရပ် ရွာဘဲရပ်ကွက် ပြည်မြို့နေသူရောက်ရှိလာပြီး ငွေကျပ်(၅)သိန်း (၂)သောင်းလာရောက်ထုတ်ယူစဉ် ငွေလက်ထဲသို့မရောက်ခင်ဘဏ်အတွင်း၌ စောင့်ဆိုင်းနေခိုက်မောတယ်၊ အသက်ရှုကြပ်သည်ဟုဆိုကာ ဘဏ်အပြင်ဘက်သို့ ထွက်လာစဉ် ဘဏ်အပေါက်ဝ၌ လဲကျကာ ပါးစပ်မှအမြုပ်များထွက်ကာ သေဆုံးခဲ့ကြောင်းသိရသည်။

ထိုသို့သေဆုံးရခြင်းမှာ မိုးမိပြီး အဲကွန်းအအေးနှင့် လျော့ဖြစ်ခြင်း၊ အတက်ရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်း၊ အစာအဆိပ်သင့်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှ ထင်မြင်ယူဆချက်များကိုလည်း ကြားသိခဲ့ရပါသည်။

ထိုကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ဇော်နှင့် တာဝန်းမှူတို့သွားရောက်စစ်ဆေးလျှက်ရှိပြီး ဦးသန့်ဇင်ဦး သေဆုံးရသည့်အကြောင်းအရင်အား သေမှုသေခင်းဖွင့်ကာစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

ပြည့်သဲမောင်(ပြည်)09423671883 ပြည်သတင်း