Teach

ေက်ာင္​းသူ ​ေက်ာင္​းသား​​မ်ား ဖတ္​ဖို႔

ေက်ာင္းသားေတြရဲ႕ အဆင့္ေတြ ဘာေၾကာင့္ကြာျခားေနၾကပါသလဲ….?

စာေမးပြဲေတြ ဘာလို႔ က်ေနရသလဲ….?

ကိုယ္က ႀကိဳးစားေနပါလ်က္နဲ႔ ဘာေၾကာင့္မေအာင္ျမင္တာလဲ……?

ဒီပုစာၦရဲ႕ ေမးခြန္းျဖစ္တဲ့ အေျဖကိုအေတာ္မ်ားမ်ားသိခ်င္ၾကမွာပါ။ တကယ္ေတာ့ ေက်ာင္းသားေတြအဆင့္ေတြကြာတာ၊ စာေမးပြဲေတြက်တာ အျခားမဟုတ္ဘူး။ သင္ယူက်င့္သုံးျခင္း မတူညီၾကလို႔ပါ။

လူေတြအေတာ္မ်ားမ်ား ေက်ာင္းသားအေတာ္မ်ားမ်ားထင္တာက စာသင္ရင္ တတ္မယ္ စာဖတ္ရင္ တတ္မယ္သင္တန္းတစ္ခုခုတက္ရင္ တတ္မယ္လို႔ ထင္ၾကတာပါ။ဘယ္ေလာက္ေတာ္တဲ့ ဆရာကသင္ေပးေပးကိုယ္ကိုယ္တိုင္ လိုက္လုပ္၊ လိုက္က်င့္မွ တတ္တာမ်ိးပါ။

စာသင္ခန္းတစ္ခုမွာလည္း သင္တဲ့အခ်ိန္လည္း အတူတူ၊သင္တဲ့စာလည္းအတူတူပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ သင္တန္းတစ္ခုတက္လည္း သင္တဲ့စာလည္း အတူတူပဲ ျဖစ္ပါတယ္။

ဆရာက စာသင္ေပးတယ္ ေက်ာင္းသားက ႀကိဳးစားၿပီး သင္ယူတယ္ဆရာက စာက်က္ခိုင္းတယ္ ေက်ာင္းသားကႀကိဳးစားၿပီး စာက်က္တယ္ သခ်ၤာပုစာၦသင္ေပးၿပီး တြက္ခိုင္းတယ္
ေက်ာင္းသားက ဒီသခ်ၤာကို တြက္ၿပီး ေျဖတယ္။

အေတာ္မ်ားမ်ားမသိလိုက္တာကမွတ္သားနာယူထားရမွာကို ေမ့ေနတက္ၾကတယ္။ ကြၽန္ေတာ္တို႔ စာက်က္တဲ့အခါ စာကိုပဲ တိုက္႐ိုက္ႀကီးက်က္ေနတာ ကိုယ့္ဦးေႏွာက္က အဲဒီစာကို မွတ္သားထားရမွာကို မသိခဲ့ၾကတာ အမွန္ပဲ။စာကိုပဲ တိုက္႐ိုက္ႀကီး က်က္ေနေတာ့ အဲဒီစာကို က်က္လို႔ရၿပီးဆိုေပမယ္ မွတ္သားမထားေတာ့ က်က္ထားတဲ့စာေတြက သူအလိုလို႔ ေမ့သြားတက္ၾကတယ္။

ဒီလို႔မ်ိဳး ကြၽန္ေတာ္ ေက်ာင္းသားဘဝကလည္းျဖစ္ခဲ့တာပဲ ေခတ္လူငယ္ ေက်ာင္းသားအေတာ္မ်ားမ်ားျဖစ္တတ္တာ မဆန္းေတာ့ပါဘူး။ၿပီးေတာ့လည္း အေသးစိတ္အေၾကာင္းအရာေလ ထပ္ေျပာျပခ်င္တယ္ေက်ာင္းသူ ေက်ာင္းသားေတြ မဆိုထားနဲ႔လူအမ်ားစုက သူမ်ားရဲ႕ေျပာစကားကို မနာခံတတ္ပါဘူး။ကိုယ့္ရဲ႕ေျပာစကားကိုပဲ လက္ခံ နာခံတတ္တာမ်ားပါတယ္။

တစ္ဖက္လူရဲ႕ေျပာစကားကို ကိုယ့္ရဲ႕နားနဲ႔ ၾကားၿပီးဦးေႏွာက္ကဆက္စပ္ ဘာသာျပန္ေတြးေခၚလိုက္တာကိုပဲသိလိုက္တာမ်ိဳးပါ။ ႐ိုး႐ိုးၾကည့္လိုက္ရင္ ဆရာက သင္ေပးတာကို
ကိုယ္က သင္ယူေနတယ္ဆိုေပမယ့္ ေသခ်ာစဥ္းစားၿပီးေတြးၾကည့္ရင္ေတာ့ ကိုယ္ဦးေႏွာက္က ဆက္စပ္ ဘာသာျပန္သင္ေပးတာကို ကြၽန္ေတာ္တို႔ ျပန္လည္ သင္ယူေနျခင္းျဖစ္ပါတယ္။

ဒီေတာ့ ကိုယ့္ဦးေႏွာက္က ဆရာေျပာတာကိုလိုက္လံ မေတြးေတာဘူး မဆက္စပ္ဘူး မမွတ္သားဘူးဆိုရင္ဘယ္ေလာက္ပဲသင္သင္ တက္ေျမာက္ဖို႔ခက္ခဲ့ပါတယ္။ဒီလို အေသးစိတ္သိလာရင္ ကိုယ္စာသင္တိုင္းမွာကိုယ့္ဦးေႏွာက္ကို ေတြးခိုင္းပါ ဆက္စပ္ခိုင္းပါ။ဒါမွ ဒီအေတြးေလးေတြ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ၿပီးနားလည္သေဘာေပါက္ တတ္သိလာမွာျဖစ္ပါတယ္။

ဒီလို႔နာလည္း သေဘာေပါက္တတ္သိလာရင္ေတာ့ဒီႏွစ္ စာေမးပြဲက်တဲ့သူေတြ ေနာက္လာမယ္ႏွစ္ၾကရင္စာေမးပြဲကို ေအာင္ျမင္စြာ ေျဖဆိုႏိုင္မွာ ျဖစ္ပါတယ္။ဒီမွတ္သားစရာ စာေလးကို ေက်ာင္း ဆရာ/မ ေတြကကိုယ့္ရဲ႕ ေက်ာင္းသားေတြကို ျပန္လည္းကာတစ္ဆင္မွ်ေဝကာ သင္ေပးသင္ပါတယ္။

မွတ္ခ်က္။ ။ဒီစာက ေက်ာင္းသူ ေက်ာင္းသားမ်ားအတြက္ႀကီးထဲမဟုတ္ပါဘူး အင္းတာနက္အေပၚမွာ စာေရးဆရာစာေရးသူေတြရဲ႕ စာကိုဖတ္႐ူ႕အားေပးေနတဲ့ စာဖတ္သူပရိသတ္ႀကီးအတြက္လည္း ျဖစ္ပါတယ္။စာေတြကို အေပၚယံ ဖတ္မသြားပါႏွင့္ ေလးေလးနက္နက္ဖတ္ပါ။ မွတ္သားသင္တာကို မွတ္သားပါ။

စာဖတ္သူေတြအတြက္ အသိတစ္ခု ပညာေပး ရသတစ္ခု၊ သင့္အတြက္အက်ိဳးရွိေစတယ္ဆိုရင္ #ကိုစိုးႏိူင္မင္း (လ.ပ.စ) ျဖစ္တဲ့ကြၽန္ေတာ္မ်ိဳးက အမ်ားႀကီး ဝမ္းသားပါတယ္။

Credit:ကိုစိုးႏိူင္မင္း(လ.ပ.စ) FB မွ

# Unicode Version # ျဖင့္ ဖတ္ပါ #

ကျောင်းသားတွေရဲ့ အဆင့်တွေ ဘာကြောင့်ကွာခြားနေကြပါသလဲ….?

စာမေးပွဲတွေ ဘာလို့ ကျနေရသလဲ….?

ကိုယ်က ကြိုးစားနေပါလျက်နဲ့ ဘာကြောင့်မအောင်မြင်တာလဲ……?

ဒီပုစ္ဆာရဲ့ မေးခွန်းဖြစ်တဲ့ အဖြေကိုအတော်များများသိချင်ကြမှာပါ။ တကယ်တော့ ကျောင်းသားတွေအဆင့်တွေကွာတာ၊ စာမေးပွဲတွေကျတာ အခြားမဟုတ်ဘူး။ သင်ယူကျင့်သုံးခြင်း မတူညီကြလို့ပါ။

လူတွေအတော်များများ ကျောင်းသားအတော်များများထင်တာက စာသင်ရင် တတ်မယ် စာဖတ်ရင် တတ်မယ်သင်တန်းတစ်ခုခုတက်ရင် တတ်မယ်လို့ ထင်ကြတာပါ။ဘယ်လောက်တော်တဲ့ ဆရာကသင်ပေးပေးကိုယ်ကိုယ်တိုင် လိုက်လုပ်၊ လိုက်ကျင့်မှ တတ်တာမျိးပါ။

စာသင်ခန်းတစ်ခုမှာလည်း သင်တဲ့အချိန်လည်း အတူတူ၊သင်တဲ့စာလည်းအတူတူပဲ ဖြစ်ပါတယ်။ ပြီးတော့ သင်တန်းတစ်ခုတက်လည်း သင်တဲ့စာလည်း အတူတူပဲ ဖြစ်ပါတယ်။

ဆရာက စာသင်ပေးတယ် ကျောင်းသားက ကြိုးစားပြီး သင်ယူတယ်ဆရာက စာကျက်ခိုင်းတယ် ကျောင်းသားကကြိုးစားပြီး စာကျက်တယ် သင်္ချာပုစ္ဆာသင်ပေးပြီး တွက်ခိုင်းတယ်
ကျောင်းသားက ဒီသင်္ချာကို တွက်ပြီး ဖြေတယ်။

အတော်များများမသိလိုက်တာကမှတ်သားနာယူထားရမှာကို မေ့နေတက်ကြတယ်။ ကျွန်တော်တို့ စာကျက်တဲ့အခါ စာကိုပဲ တိုက်ရိုက်ကြီးကျက်နေတာ ကိုယ့်ဦးနှောက်က အဲဒီစာကို မှတ်သားထားရမှာကို မသိခဲ့ကြတာ အမှန်ပဲ။စာကိုပဲ တိုက်ရိုက်ကြီး ကျက်နေတော့ အဲဒီစာကို ကျက်လို့ရပြီးဆိုပေမယ် မှတ်သားမထားတော့ ကျက်ထားတဲ့စာတွေက သူအလိုလို့ မေ့သွားတက်ကြတယ်။

ဒီလို့မျိုး ကျွန်တော် ကျောင်းသားဘဝကလည်းဖြစ်ခဲ့တာပဲ ခေတ်လူငယ် ကျောင်းသားအတော်များများဖြစ်တတ်တာ မဆန်းတော့ပါဘူး။ပြီးတော့လည်း အသေးစိတ်အကြောင်းအရာလေ ထပ်ပြောပြချင်တယ်ကျောင်းသူ ကျောင်းသားတွေ မဆိုထားနဲ့လူအများစုက သူများရဲ့ပြောစကားကို မနာခံတတ်ပါဘူး။ကိုယ့်ရဲ့ပြောစကားကိုပဲ လက်ခံ နာခံတတ်တာများပါတယ်။

တစ်ဖက်လူရဲ့ပြောစကားကို ကိုယ့်ရဲ့နားနဲ့ ကြားပြီးဦးနှောက်ကဆက်စပ် ဘာသာပြန်တွေးခေါ်လိုက်တာကိုပဲသိလိုက်တာမျိုးပါ။ ရိုးရိုးကြည့်လိုက်ရင် ဆရာက သင်ပေးတာကို
ကိုယ်က သင်ယူနေတယ်ဆိုပေမယ့် သေချာစဉ်းစားပြီးတွေးကြည့်ရင်တော့ ကိုယ်ဦးနှောက်က ဆက်စပ် ဘာသာပြန်သင်ပေးတာကို ကျွန်တော်တို့ ပြန်လည် သင်ယူနေခြင်းဖြစ်ပါတယ်။

ဒီတော့ ကိုယ့်ဦးနှောက်က ဆရာပြောတာကိုလိုက်လံ မတွေးတောဘူး မဆက်စပ်ဘူး မမှတ်သားဘူးဆိုရင်ဘယ်လောက်ပဲသင်သင် တက်မြောက်ဖို့ခက်ခဲ့ပါတယ်။ဒီလို အသေးစိတ်သိလာရင် ကိုယ်စာသင်တိုင်းမှာကိုယ့်ဦးနှောက်ကို တွေးခိုင်းပါ ဆက်စပ်ခိုင်းပါ။ဒါမှ ဒီအတွေးလေးတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးနားလည်သဘောပေါက် တတ်သိလာမှာဖြစ်ပါတယ်။

ဒီလို့နာလည်း သဘောပေါက်တတ်သိလာရင်တော့ဒီနှစ် စာမေးပွဲကျတဲ့သူတွေ နောက်လာမယ်နှစ်ကြရင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ဒီမှတ်သားစရာ စာလေးကို ကျောင်း ဆရာ/မ တွေကကိုယ့်ရဲ့ ကျောင်းသားတွေကို ပြန်လည်းကာတစ်ဆင်မျှဝေကာ သင်ပေးသင်ပါတယ်။

မှတ်ချက်။ ။ဒီစာက ကျောင်းသူ ကျောင်းသားများအတွက်ကြီးထဲမဟုတ်ပါဘူး အင်းတာနက်အပေါ်မှာ စာရေးဆရာစာရေးသူတွေရဲ့ စာကိုဖတ်ရူ့အားပေးနေတဲ့ စာဖတ်သူပရိသတ်ကြီးအတွက်လည်း ဖြစ်ပါတယ်။စာတွေကို အပေါ်ယံ ဖတ်မသွားပါနှင့် လေးလေးနက်နက်ဖတ်ပါ။ မှတ်သားသင်တာကို မှတ်သားပါ။

စာဖတ်သူတွေအတွက် အသိတစ်ခု ပညာပေး ရသတစ်ခု၊ သင့်အတွက်အကျိုးရှိစေတယ်ဆိုရင် #ကိုစိုးနိူင်မင်း (လ.ပ.စ) ဖြစ်တဲ့ကျွန်တော်မျိုးက အများကြီး ဝမ်းသားပါတယ်။

Credit:ကိုစိုးနိူင်မင်း(လ.ပ.စ) FB မှ