Local

အျမန္လမ္းမွာ ကားေအာက္ သံဆူးလိပ္ပစ္ထည္႔သူမ်ားမွာ သစ္ေတာဝန္ထမ္းမ်ားျဖစ္ေန

တာဝန္သိ ျပည္သူ တစ္ဦး သတင္းေပးခ်က္အရ အျမန္လမ္းမႀကီးတပ္ဖြဲ့ဝင္မ်ား မွ ေဖာ္ျပပုံပါ. ျဖစ္စဥ္ႏွင့္ပါတ္သက္၍ အျဖစ္မွန္ ေဖာ္ထုတ္ နိုင္ေရး အတြက္ လွည္းကူးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွဴး ဦးတင္ထြဋ္ထံ ဆက္သြယ္ေမးျမန္းစံုစမ္း ခဲ့ရာ ဇြန္လ(၁၃)ရက္ေန႔ နံနက္(၀၆၀၀)ခန္႔အခ်ိန္တြင္ ေနျပည္ေတာ္ မွ ရန္ကုန္ဘက္သို႔ သစ္မ်ားတင္ေဆာင္လာ သည္ဟု သတင္းရရွိေသာမသကၤာဖြယ္ရာ Alphard ယာဥ္တစ္စီးအား တားဆီး စဥ္ ရပ္တန္႔ေပးျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ေနာက္မွလိုက္လံတားဆီးခဲ့ ေၾကာင္း

အဆိုပါ Alphard ယာဥ္သည္ (၄)မိုင္(၂)ဖာလံုအနီးလမ္းျဖတ္ မွ ျဖတ္ေကြ႕ၿပီး ရန္ကုန္-ေနျပည္ေတာ္ဘက္ သို႔ျပန္လွည့္ေျပးသျဖင့္. လမ္းရိွ သစ္ေတာဝန္ထမ္း ပိတ္ဆို႔ေရး အဖြဲ႕မွ(၁၅) မိုင္ အနီးတြင္တစ္ႀကိမ္(၁၈)မိုင္အနီးတြင္တစ္ႀကိမ္ သံဆူးလိပ္ပစ္ခ်ဖမ္းဆီးေဆာင္႐ြက္ခဲ့ေသာ္လဲ Alphard ယာဥ္သည္ လြတ္သြားေၾကာင္း သိရွိရပါသည္

ေနာင္တြင္ တရားဥပေဒစိုးမိုးေရး ဆိုင္ရာ သတင္းရရိွပါက ပူေပါင္းေဆာင္႐ြက္ရန္အတြက္ သက္ဆိုင္ရာ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ ့သို ့ အသိေပးပါရန္

မလိုအပ္ဘဲ အျမန္လမ္းမႀကီးတြင္ ခရီးသြားယာဥ္မ်ားအား အနၱရာယ္ ျဖစ္ဖြယ္ အေနွာင့္အယွက္ အတားအဆီး မ်ား မျပဳလုပ္ရန္

တာဝန္အရ ပိတ္ဆို ့တားဆီး ဖမ္းဆီးေရး ေဆာင္႐ြက္ပါက သက္ဆိုင္ရာ ဌာန ဝတ္စုံ ျဖင့္ တာဝန္ရိွသူ ပါရိွေစရန္….ညိွနိွဳင္း. အသိေပး ေျပာၾကားထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပအပ္ပါသည္

Credit: အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မွူးရံုး

Unicode Version

တာဝန်သိ ပြည်သူ တစ်ဦး သတင်းပေးချက်အရ အမြန်လမ်းမကြီးတပ်ဖွဲ့ဝင်များ မှ ဖော်ပြပုံပါ. ဖြစ်စဉ်နှင့်ပါတ်သက်၍ အဖြစ်မှန် ဖော်ထုတ် နိုင်ရေး အတွက် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးတင်ထွဋ်ထံ ဆက်သွယ်မေးမြန်းစုံစမ်း ခဲ့ရာ ဇွန်လ(၁၃)ရက်နေ့ နံနက်(၀၆၀၀)ခန့်အချိန်တွင် နေပြည်တော် မှ ရန်ကုန်ဘက်သို့ သစ်များတင်ဆောင်လာ သည်ဟု သတင်းရရှိသောမသင်္ကာဖွယ်ရာ Alphard ယာဉ်တစ်စီးအား တားဆီး စဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှလိုက်လံတားဆီးခဲ့ ကြောင်း

အဆိုပါ Alphard ယာဉ်သည် (၄)မိုင်(၂)ဖာလုံအနီးလမ်းဖြတ် မှ ဖြတ်ကွေ့ပြီး ရန်ကုန်-နေပြည်တော်ဘက် သို့ပြန်လှည့်ပြေးသဖြင့်. လမ်းရှိ သစ်တောဝန်ထမ်း ပိတ်ဆို့ရေး အဖွဲ့မှ(၁၅) မိုင် အနီးတွင်တစ်ကြိမ်(၁၈)မိုင်အနီးတွင်တစ်ကြိမ် သံဆူးလိပ်ပစ်ချဖမ်းဆီးဆောင်ရွက်ခဲ့သော်လဲ Alphard ယာဉ်သည် လွတ်သွားကြောင်း သိရှိရပါသည်

နောင်တွင် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ သတင်းရရှိပါက ပူပေါင်းဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သို့ အသိပေးပါရန်

မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ် ဖြစ်ဖွယ် အနှောင့်အယှက် အတားအဆီး များ မပြုလုပ်ရန်

တာဝန်အရ ပိတ်ဆို့တားဆီး ဖမ်းဆီးရေး ဆောင်ရွက်ပါက သက်ဆိုင်ရာ ဌာန ဝတ်စုံ ဖြင့် တာဝန်ရှိသူ ပါရှိစေရန်….ညှိနှိုင်း. အသိပေး ပြောကြားထားပြီးဖြစ်ကြောင်း ဖော်ပြအပ်ပါသည်

Credit: အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး