Crime

အျမန္လမ္းမ မိုင္တိုင္ ၂၀ – ၂၁ အၾကား ေန႔ခင္းေၾကာင္ေတာင္ လူသတ္ဖို့ ႀကိဳးစားလာသူမ်ား

ေန႔အလင္းေရာင္ေအာက္မွာေတာင္ လူသတ္ဖို့ ႀကိဳးစားလာသူေတြ

က်ေနာ္ မနက္က ျဖစ္ျဖစ္ခ်င္းမွာေတာ့ ပို့စ္တစ္ခုတင္ခဲ့ပါသည္။

ယေန႔ မနက္ ၆ ; ၃၀ ခန္႔ ….ရက နပတ အျမန္လမ္းမ၏ မိုင္တိုင္ ၂၀ – ၂၁ အၾကား ….က်ေနာ့ကားေရွ႕မွ သြားေနေသာ Alphard ကားေအာက္သို့ ဆူးခၽြန္မ်ားပါေသာ သစ္သား (သို့) သံေခ်ာင္းတစ္ေခ်ာင္းကို ပစ္သြင္းကာ ကားေမွာက္ လူေသေလာက္ေအာင္ လုပ္ႀကံရန္ႀကိဳးစားပုံကို ေတြ႕လို့ ေဘာနက္ႀကီးရဲစခန္းကို ဝင္သတင္းပို့ခဲ့တဲ့အေၾကာင္းပါ။

အခုမွ အလုပ္ေတြၿပီးလို့လူတဖက္သားကိုလည္း မတရားစြပ္ဆြဲရာေရာက္မစိုးလို့ ကိုယ့္ကား black box ကို ကြန္ျပဴတာႏွင့္ျပန္ၾကည့္ရာ ပုံ ၁ႏွင့္၂တြင္ အဆိုပါ လူက Alphard ကားေအာက္သို့ အားယူ ပစ္လိုက္ပုံကို ေတြ႕ရပါမည္။ၿပီးေတာ့ ေရွာင္ခ်ိန္မရေအာင္ ရပ္ထားတဲ့ကားေခါင္းေရွ႕ အကြယ္ကေန ထြက္ပစ္တာပါ။

ပုံ ၃ ကေတာ့ သူ ပစ္ထည့္လိုက္ေသာ သံ(သို့) သစ္သားေခ်ာင္းပါ။(ပုံအရ ကိုယ္ေတာင္ သီသီေလး ကပ္လြတ္သြားပုံရသည္။ Alphard ေနာက္ ကပ္လိုက္လာပါက သူလြတ္သြားေသာ္လည္း ကိုယ္ ဂန္႔နိုင္ပုံပါ။ အဲ့ အခ်ိန္ ၁၀၀ စြန္းစြန္း ေမာင္းေနပါသည္။)

ပုံ ၄ ကေတာ့ လူႏွင့္ကားပါ…(Resolution ျပင္ၿပီး ကားနံပတ္ရေအာင္ ၾကည့္ေပးနိုင္သူမ်ားကို Org Video ပို့ေပးနိုင္ပါသည္။ က်ေနာ္ၾကည့္ရသေလာက္ေတာ့ တစ္ခုခုႏွင့္ ပုံဖ်က္ထားပုံ ရပါသည္။

ပုံ ၅ အရ အဖြဲ႕လိုက္ ျဖစ္ပုံရပါသည္။ ပစ္ေသာေနရာမေရာက္ခင္ မလွမ္းမကမ္းမွာကတည္း က လူတေယာက္ရပ္ေနၿပီး ​ပစ္တာကို ၾကည့္ေနတာ ေတြ႕ရပါသည္။

အရင္ကေတာ့ …..အဆိုပါ ဇာတ္လမ္းမ်ိဳးေတြၾကားေနရ၍ ညပိုင္းသာ ျဖစ္တတ္တယ္ ထင္ၿပီး ​ေဘးကင္းရန္ကြာ အခ်ိန္ေပးၿပီး မနက္မွ ထြက္လာတာေတာင္အခုလို မနက္ခင္း လင္းလင္းခ်င္းခ်င္းမွာ လုပ္လာၾကေတာ့ က်ေနာ္တို့ပိုသတိထားဖို့လိုလာသလို တရားဥပေဒစိုးမိုးမွုႏွင့္ အဆိုပါျပစ္မွုမ်ိဳးကို ထိထိေရာက္ေရာက္ စံ​ျပအေရးယူဖို့ အခ်ိန္တန္ၿပီလို့ ယုံၾကည္ပါသည္။

က်ေနာ့လို တစ္ကိုယ္ေတာ္ ခရီးသြားမ်ား ပို သတိထားရန္….အထူးသျဖင့္ မိန္းကေလးမ်ား ပိုသတိထားရန္ လိုလာေၾကာင္း ေန႔ပိုင္းေမာင္းတာပဲဆိုၿပီး ေပါ့ေပါ့တန္တန္မေမာင္းဘဲ သတိထား ေမာင္းၾကေစခ်င္ေၾကာင္းပါ။

တျခားသူမ်ားကိုလည္း မၽွေဝေပးပါ။ အားလုံး ေဘးကင္းၾကပါေစ……။ မ်ိဳးသန္းထြန္း ၁၃ ၆ ၁၉ …..မွတ္ခ်က္။ ။ (Video ကေတာ့ Date မျပင္ထားလို့ မွားေနပါသည္။)

unicode

နေ့အလင်းရောင်အောက်မှာတောင် လူသတ်ဖို့ ကြိုးစားလာသူတွေ

ကျနော် မနက်က ဖြစ်ဖြစ်ချင်းမှာတော့ ပို့စ်တစ်ခုတင်ခဲ့ပါသည်။

ယနေ့ မနက် ၆ ၃၀ ခန့် ….ရက နပတ အမြန်လမ်းမ၏ မိုင်တိုင် ၂၀ – ၂၁ အကြား ….ကျနော့ကားရှေ့မှ သွားနေသော Alphard ကားအောက်သို့ ဆူးချွန်များပါသော သစ်သား (သို့) သံချောင်းတစ်ချောင်းကို ပစ်သွင်းကာ ကားမှောက် လူသေလောက်အောင် လုပ်ကြံရန်ကြိုးစားပုံကို တွေ့လို့ ဘောနက်ကြီးရဲစခန်းကို ဝင်သတင်းပို့ခဲ့တဲ့အကြောင်းပါ။

အခုမှ အလုပ်တွေပြီးလို့လူတဖက်သားကိုလည်း မတရားစွပ်ဆွဲရာရောက်မစိုးလို့ ကိုယ့်ကား black box ကို ကွန်ပြူတာနှင့်ပြန်ကြည့်ရာ ပုံ ၁နှင့်၂တွင် အဆိုပါ လူက Alphard ကားအောက်သို့ အားယူ ပစ်လိုက်ပုံကို တွေ့ရပါမည်။ပြီးတော့ ရှောင်ချိန်မရအောင် ရပ်ထားတဲ့ကားခေါင်းရှေ့ အကွယ်ကနေ ထွက်ပစ်တာပါ။

ပုံ ၃ ကတော့ သူ ပစ်ထည့်လိုက်သော သံ(သို့) သစ်သားချောင်းပါ။(ပုံအရ ကိုယ်တောင် သီသီလေး ကပ်လွတ်သွားပုံရသည်။ Alphard နောက် ကပ်လိုက်လာပါက သူလွတ်သွားသော်လည်း ကိုယ် ဂန့်နိုင်ပုံပါ။ အဲ့ အချိန် ၁၀၀ စွန်းစွန်း မောင်းနေပါသည်။)

ပုံ ၄ ကတော့ လူနှင့်ကားပါ…(Resolution ပြင်ပြီး ကားနံပတ်ရအောင် ကြည့်ပေးနိုင်သူများကို Org Video ပို့ပေးနိုင်ပါသည်။ ကျနော်ကြည့်ရသလောက်တော့ တစ်ခုခုနှင့် ပုံဖျက်ထားပုံ ရပါသည်။

ပုံ ၅ အရ အဖွဲ့လိုက် ဖြစ်ပုံရပါသည်။ ပစ်သောနေရာမရောက်ခင် မလှမ်းမကမ်းမှာကတည်း က လူတယောက်ရပ်နေပြီး ​ပစ်တာကို ကြည့်နေတာ တွေ့ရပါသည်။

အရင်ကတော့ …..အဆိုပါ ဇာတ်လမ်းမျိုးတွေကြားနေရ၍ ညပိုင်းသာ ဖြစ်တတ်တယ် ထင်ပြီး ​ဘေးကင်းရန်ကွာ အချိန်ပေးပြီး မနက်မှ ထွက်လာတာတောင်အခုလို မနက်ခင်း လင်းလင်းချင်းချင်းမှာ လုပ်လာကြတော့ ကျနော်တို့ပိုသတိထားဖို့လိုလာသလို တရားဥပဒေစိုးမိုးမှုနှင့် အဆိုပါပြစ်မှုမျိုးကို ထိထိရောက်ရောက် စံ​ပြအရေးယူဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါသည်။

ကျနော့လို တစ်ကိုယ်တော် ခရီးသွားများ ပို သတိထားရန်….အထူးသဖြင့် မိန်းကလေးများ ပိုသတိထားရန် လိုလာကြောင်း နေ့ပိုင်းမောင်းတာပဲဆိုပြီး ပေါ့ပေါ့တန်တန်မမောင်းဘဲ သတိထား မောင်းကြစေချင်ကြောင်းပါ။

တခြားသူများကိုလည်း မျှဝေပေးပါ။ အားလုံး ဘေးကင်းကြပါစေ……။ မျိုးသန်းထွန်း ၁၃ ၆ ၁၉ …..မှတ်ချက်။ ။ (Video ကတော့ Date မပြင်ထားလို့ မှားနေပါသည်။)