Celebrity

ဇာတ္ပို႔ဇာတ္ရံဝင္ေငြေလးနဲ႔ သားကိုဆရာဝန္ျဖစ္ေအာင္ ပ့ံပိုးေပးခဲ့တဲ့ ဇာတ္ပို႔ ေဒၚသန္းသန္းဆင့္

အႏုပညာေလာကမွာ ေျခခ်ေနတာ ဆယ္စုႏွစ္ေတြၾကာေနျပီျဖစ္တဲ့ ဇာတ္ပို႔သရုပ္ေဆာင္ ေဒၚသန္းသန္းဆင့္ကိုေတာ့ ျမန္မာ့ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ဖူးၾကမွာပါ။ ေဒၚသန္းသန္းဆင့္ကေတာ့ ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာလည္း က်ရာဇာတ္ရုပ္မွာ ပါဝင္သရုပ္ေဆာင္ႏိုင္သလို ေအာင္ျမင္တဲ့ ဇာတ္ပို႔သရုပ္ေဆာင္ တေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔အေနနဲ႔ သူ႔မိသားစုအတြက္ ရုန္းကန္ခဲ့ရျပီး သူ႔သားၾကီးကိုလည္း ဇာတ္ပို႔ဇာတ္ရံဝင္ေငြေလးနဲ႔ ဆရာဝန္တေယာက္ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့ရတဲ့ အေၾကာင္းကို ေျပာၾကားသြားခဲ့ပါတယ္။

ဇာတ္ပို႔သရုပ္ေဆာင္ ျဖစ္တဲ့ ေဒၚသန္းသန္းဆင့္ကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာေတာ့ “ရွင္းရွင္းေျပာရရင္ေတ့ာ သရုပ္ေဆာင္အလုပ္က ပင္စင္မရွိဘူးသားရယ္။ အေမတို႔ ရိုက္မွ ပိုက္ဆံရမွာ မရိုက္ရင္ ပိုက္ဆံမရဘူး။ ဖ်ားရင္လည္း ကုႏိုင္တဲ့သူက ကုေပါ့။ မကုႏိုင္ရင္ေတာ့ သူမ်ားေတြ အလွဴရွင္ေတြ လာၾကတာေပါ့။ အေမတခုခုျဖစ္လို႔ရွိရင္ေတာ့ အေမ့သားက ဆရာဝန္ မႏၱေလးမွာရွိတယ္။ အေမ့ကို ကုေပးမွာ။ သား ႏွစ္ေယာက္ရွိပါတယ္။ သားငယ္ေလးကေတာ့ ကာစီႏိုမွာလုပ္ပါတယ္။ မေလးရွားမွာ။ သားၾကီးကေတာ့ ဆရာဝန္ပါ”

သားကိုဆရာဝန္ျဖစ္ေအာင္ ဘယ္လိုမ်ိဳး ရုန္းကန္ခဲ့ရလဲဆိုတဲ့အေပၚမွာေတာ့ “အေမ့အမ်ိဳးသားကလည္း အသက္ၾကီးၾကီးယူထားတာဆိုေတာ့ အစုိးရ လစာေလးနဲ႔ေပါ့။ အေမက ကားရိုက္တဲ့ပိုက္ဆံေလးနဲ႔ ဆရာဝန္ျဖစ္ေအာင္ထားခဲ့တာ။ အေမတို႔ကေတာ့ ဘယ္လိုရွာရွာေလ။ ကိုယ့္သားသမီးေလးေတြကိုေတာ့ ပင္ပင္ပန္းပန္းမျဖစ္ေစခ်င္ဘူးေလ။ အေမတို႔က ခ်ိဳးျခံေခြ်တာျပီးေတာ့ ဆရာဝန္ျဖစ္ေအာင္ထားတယ္။ အခုကေတာ့ သားေလးက ဆရာဝန္ျဖစ္ေနျပီျဖစ္တာေၾကာင့္ အေမ့ကိုျပန္ရွာေကြ်းေကြ်းမေကြ်းေကြ်း ပီတိျဖစ္ပါတယ္”

“သားၾကီး ဆယ္တန္းေအာင္ေတာ့ အဲ့ေခတ္တုန္းက ပံ့ပိုးေပးတာေတြ မရွိဘူး။ အေမကပဲ ရွာရတာပါ။ ေဆးစာအုပ္ေလးေတြ ဘာေလးေတြ စုေဆာင္းျပီးေတာ့ ဝယ္ျပီးေတာ့ ႏွစ္ေယာက္သံုးေယာက္ေပါင္းျပီး လုပ္ရတာေပါ့။ သားၾကီးကလည္း အေမ့ကို ဘယ္ေတာ့မွ မပူဆာပါဘူး။ အေမကလည္း သားဆရာဝန္ျဖစ္ေပမယ့္ သားၾကီးသည္ ဆရာဝန္ပါဆိုျပီး လိုက္မေျပာေနဘူး။ ကိုယ့္ဘာကိုယ္ေနတာပါ။ ဘယ္သူ႔ကိုမွ မေျပာပါဘူး။ ခုမွသာ ေျပာမိတာပါ။ အေမ့ရဲ့ ဇာတ္ပို႔ဇာတ္ရံ ဝင္ေငြေလးနဲ႔ သားတေယာက္ကို ဆရာဝန္ျဖစ္ေအာင္ ထားခဲ့တဲ့ ပီတိေလးကဘာမွ ေျပာလို႔မရပါဘူး”

“သူမႏၱေလးမွာ ေဆးခန္းဖြင့္ထားပါတယ္။ သားကိုယ္တိုင္ကလည္း အသျပာဆရာဝန္ မဟုတ္ပါဘူး။ လူနာေတြလာရင္ ပိုက္ဆံအမ်ားၾကီး မယူပါဘူး။ သူ႔ရဲ့ေစတနာေတြ လူနာေတြေပၚမွာ ျပန္ထားတာ ပီတိျဖစ္ပါတယ္။ ဒါကလည္း လွဴျခင္းတမ်ိဳးေပါ့”

“သားေဆးေက်ာင္းတတ္ေနတဲ့အခ်ိန္ေတြမွာ အမ်ိဳးသားဝင္ေငြနဲ႔ မလံုေလာက္ဘူး။ အဲ့အခ်ိန္မွာ အေမက ဘာလုပ္ရလည္းဆိုေတာ့ မဂၤလာေစ်းက အထည္ဆိုင္ေတြမွာ ဝင္လုပ္ရပါတယ္။ ဒါေပမယ့္လည္း သားၾကီးကို မသိေစခ်င္ဘူး။ အိမ္မွာလည္း ကုန္စံုဆိုင္ေတြ ဖြင့္ဖူးပါတယ္။ ဒါေပမယ့္ သားၾကီး အဲ့ကိစၥေတြကိုလည္း မသိပါဘူး။ သူ႔လမ္းေၾကာင္းေလးေပၚကို ေလွ်ာက္ႏိုင္ေတာ့ စိတ္ခ်ရပါျပီ။ သားေလးရဲ့ ေဆးခန္းကေတာ့ လမ္း ၆၀ ဂရုဏာေဆးခန္း ေဒါက္တာ သန္းထိုက္ေအာင္ပါ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

Unicode Version

အနုပညာလောကမှာ ခြေချနေတာ ဆယ်စုနှစ်တွေကြာနေပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်သန်းသန်းဆင့်ကိုတော့ မြန်မာ့ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ ဒေါ်သန်းသန်းဆင့်ကတော့ ရုပ်ရှင်တော်တော်များများမှာလည်း ကျရာဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်နိုင်သလို အောင်မြင်တဲ့ ဇာတ်ပို့သရုပ်ဆောင် တယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ သူ့မိသားစုအတွက် ရုန်းကန်ခဲ့ရပြီး သူ့သားကြီးကိုလည်း ဇာတ်ပို့ဇာတ်ရံဝင်ငွေလေးနဲ့ ဆရာဝန်တယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ အကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဖြစ်တဲ့ ဒေါ်သန်းသန်းဆင့်ကတော့ MC နဲ့ အင်တာဗျူးမှာတော့ “ရှင်းရှင်းပြောရရင်တေ့ာ သရုပ်ဆောင်အလုပ်က ပင်စင်မရှိဘူးသားရယ်။ အမေတို့ ရိုက်မှ ပိုက်ဆံရမှာ မရိုက်ရင် ပိုက်ဆံမရဘူး။ ဖျားရင်လည်း ကုနိုင်တဲ့သူက ကုပေါ့။ မကုနိုင်ရင်တော့ သူများတွေ အလှူရှင်တွေ လာကြတာပေါ့။ အမေတခုခုဖြစ်လို့ရှိရင်တော့ အမေ့သားက ဆရာဝန် မန္တလေးမှာရှိတယ်။ အမေ့ကို ကုပေးမှာ။ သား နှစ်ယောက်ရှိပါတယ်။ သားငယ်လေးကတော့ ကာစီနိုမှာလုပ်ပါတယ်။ မလေးရှားမှာ။ သားကြီးကတော့ ဆရာဝန်ပါ”

သားကိုဆရာဝန်ဖြစ်အောင် ဘယ်လိုမျိုး ရုန်းကန်ခဲ့ရလဲဆိုတဲ့အပေါ်မှာတော့ “အမေ့အမျိုးသားကလည်း အသက်ကြီးကြီးယူထားတာဆိုတော့ အစိုးရ လစာလေးနဲ့ပေါ့။ အမေက ကားရိုက်တဲ့ပိုက်ဆံလေးနဲ့ ဆရာဝန်ဖြစ်အောင်ထားခဲ့တာ။ အမေတို့ကတော့ ဘယ်လိုရှာရှာလေ။ ကိုယ့်သားသမီးလေးတွေကိုတော့ ပင်ပင်ပန်းပန်းမဖြစ်စေချင်ဘူးလေ။ အမေတို့က ချိုးခြံချွေတာပြီးတော့ ဆရာဝန်ဖြစ်အောင်ထားတယ်။ အခုကတော့ သားလေးက ဆရာဝန်ဖြစ်နေပြီဖြစ်တာကြောင့် အမေ့ကိုပြန်ရှာကျွေးကျွေးမကျွေးကျွေး ပီတိဖြစ်ပါတယ်”

“သားကြီး ဆယ်တန်းအောင်တော့ အဲ့ခေတ်တုန်းက ပံ့ပိုးပေးတာတွေ မရှိဘူး။ အမေကပဲ ရှာရတာပါ။ ဆေးစာအုပ်လေးတွေ ဘာလေးတွေ စုဆောင်းပြီးတော့ ဝယ်ပြီးတော့ နှစ်ယောက်သုံးယောက်ပေါင်းပြီး လုပ်ရတာပေါ့။ သားကြီးကလည်း အမေ့ကို ဘယ်တော့မှ မပူဆာပါဘူး။ အမေကလည်း သားဆရာဝန်ဖြစ်ပေမယ့် သားကြီးသည် ဆရာဝန်ပါဆိုပြီး လိုက်မပြောနေဘူး။ ကိုယ့်ဘာကိုယ်နေတာပါ။ ဘယ်သူ့ကိုမှ မပြောပါဘူး။ ခုမှသာ ပြောမိတာပါ။ အမေ့ရဲ့ ဇာတ်ပို့ဇာတ်ရံ ဝင်ငွေလေးနဲ့ သားတယောက်ကို ဆရာဝန်ဖြစ်အောင် ထားခဲ့တဲ့ ပီတိလေးကဘာမှ ပြောလို့မရပါဘူး”

“သူမန္တလေးမှာ ဆေးခန်းဖွင့်ထားပါတယ်။ သားကိုယ်တိုင်ကလည်း အသပြာဆရာဝန် မဟုတ်ပါဘူး။ လူနာတွေလာရင် ပိုက်ဆံအများကြီး မယူပါဘူး။ သူ့ရဲ့စေတနာတွေ လူနာတွေပေါ်မှာ ပြန်ထားတာ ပီတိဖြစ်ပါတယ်။ ဒါကလည်း လှူခြင်းတမျိုးပေါ့”

“သားဆေးကျောင်းတတ်နေတဲ့အချိန်တွေမှာ အမျိုးသားဝင်ငွေနဲ့ မလုံလောက်ဘူး။ အဲ့အချိန်မှာ အမေက ဘာလုပ်ရလည်းဆိုတော့ မင်္ဂလာဈေးက အထည်ဆိုင်တွေမှာ ဝင်လုပ်ရပါတယ်။ ဒါပေမယ့်လည်း သားကြီးကို မသိစေချင်ဘူး။ အိမ်မှာလည်း ကုန်စုံဆိုင်တွေ ဖွင့်ဖူးပါတယ်။ ဒါပေမယ့် သားကြီး အဲ့ကိစ္စတွေကိုလည်း မသိပါဘူး။ သူ့လမ်းကြောင်းလေးပေါ်ကို လျှောက်နိုင်တော့ စိတ်ချရပါပြီ။ သားလေးရဲ့ ဆေးခန်းကတော့ လမ်း ၆၀ ဂရုဏာဆေးခန်း ဒေါက်တာ သန်းထိုက်အောင်ပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: ပြောချင်လွန်းလို့