Local

၁၀တန္းေျဖဖူးတာနဲ႔ တက္လို႔ရမယ့္ ျမန္မာ/ကိုးရီးယား ေမာ္ေတာ္ယာဥ္ျပဳျပင္တပ္ဆင္ သင္တန္းေက်ာင္း

ကိုယ့္သားသမီး ၁၀တန္းေျဖျပီးက်တဲ႕သူဘဲျဖစ္ျဖစ္ ေအာင္တဲ႕သူဘဲျဖစ္ျဖစ္ ဘာသင္တန္းတက္ခိုင္းရမလဲဆိုတာေဝ ခြဲမရျဖစ္ေနရင္ အၾကံတစ္ခုေပးပါရေစ။ မေကြးျမိဳ႕နဲ႕ ၁၀မိုင္ေလာက္ဘဲေဝးတဲ႕ မေကြး-ေတာင္တြင္းလမ္းနဲ႕ ၃မိုင္ေက်ာ္ေက်ာ္ေလာက္ဘဲေဝးတဲ႕ မယ္လွေတာင္ရြာအဝင္လမ္းအတိုင္းသြားလို႕ရွိရင္ အစိုးရေမာ္ေတာ္ယာဥ္သင္တန္းေက်ာင္းကိုေရာက္ပါမယ္။

ျမန္မာနိဳင္ငံအစိုးရနဲ႕ ကိုးရီးယားျပည္သူ႕သမၼတနိဳင္ငံ တို႕ပူးေပါင္းဖြင့္လွစ္ထားျခင္းျဖစ္ျပီး ေမာ္ေတာ္ယာဥ္စက္ပိုင္းဆိုင္ရာမ်ား ဝါယာရိန္းျပဳျပင္တပ္ဆင္ျခင္းမ်ား တြင္ခံုနဲ႕ပတ္သက္တဲ႕နည္းပညာမ်ားကို စာေတြ႕ေရာလက္ေတြပါ ကြန္ျပဴတာမ်ားႏွင့္ပါမက်န္ သင္ၾကားေပးေနပါတယ္။

အသံုးျပဳသင္ၾကားေပးတဲ႕စက္ကိရိယာေတြဟာနိဳင္ငံတကာအဆင့္မွီေတြခ်ည္းပါ။ ေတာ္ေတာ္ေလးအားရေက်နပ္စရာေကာင္းပါတယ္။ မိန္းခေလးေတြပါသင္ၾကားေလ့လာနိဳင္ပါတယ္။ ေနစရာအေဆာင္မ်ားလည္းသီးသန္႕ရွိပါတယ္။

သင္တန္းေၾကးတလ စရိတ္ျငိမ္း၂၅၀၀၀ျဖစ္ျပီး စာသင္ႏွစ္အတိုင္း တႏွစ္သင္ၾကားေပးပါတယ္။ သင္တန္းျပီးဆံုးရင္လဲအလုပ္အကိုင္ပါရွာေဖြေပးေနတဲ႕သင္တန္းတစ္ခုျဖစ္ပါတယ္။ မိဘမ်ားေလ့လာျပီးကိုယ့္ သားသမီးေတြ ရဲ႕ဘဝေရွ႕ေရးအတြက္ တင္ခိုင္းေစသင့္တဲ႕သင္တန္းတစ္ခုပါ။

ဆက္သြယ္ရန္- ၁၀တန္းေျဖဖူးသူ/၁၀တန္းေအာင္ျပီး/က်န္းမာသန္စြမ္းသူ တလ၂၅၀၀၀က်ပ္ လိုအပ္တဲ႕ ဝတ္စံု ဖိနပ္ ဝယ္ရမယ္

ဦးေအာင္ေက်ာ္ခင္ လက္ေထာက္ညႊန္ၾကားေရးမွဴး ၀၉၄၀၁၅၅၅၀၈၉ ေမာ္ေတာ္ယာဥ္စက္မွဳသင္တန္းေက်ာင္း

Unicode Version

ကိုယ့်သားသမီး ၁၀တန်းဖြေပြီးကျတဲ့သူဘဲဖြစ်ဖြစ် အောင်တဲ့သူဘဲဖြစ်ဖြစ် ဘာသင်တန်းတက်ခိုင်းရမလဲဆိုတာဝေ ခွဲမရဖြစ်နေရင် အကြံတစ်ခုပေးပါရစေ။ မကွေးမြို့နဲ့ ၁၀မိုင်လောက်ဘဲဝေးတဲ့ မကွေး-တောင်တွင်းလမ်းနဲ့ ၃မိုင်ကျော်ကျော်လောက်ဘဲဝေးတဲ့ မယ်လှတောင်ရွာအဝင်လမ်းအတိုင်းသွားလို့ရှိရင် အစိုးရမော်တော်ယာဉ်သင်တန်းကျောင်းကိုရောက်ပါမယ်။

မြန်မာနိုင်ငံအစိုးရနဲ့ ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံ တို့ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး မော်တော်ယာဉ်စက်ပိုင်းဆိုင်ရာများ ဝါယာရိန်းပြုပြင်တပ်ဆင်ခြင်းများ တွင်ခုံနဲ့ပတ်သက်တဲ့နည်းပညာများကို စာတွေ့ရောလက်တွေပါ ကွန်ပြူတာများနှင့်ပါမကျန် သင်ကြားပေးနေပါတယ်။

အသုံးပြုသင်ကြားပေးတဲ့စက်ကိရိယာတွေဟာနိုင်ငံတကာအဆင့်မှီတွေချည်းပါ။ တော်တော်လေးအားရကျေနပ်စရာကောင်းပါတယ်။ မိန်းခလေးတွေပါသင်ကြားလေ့လာနိုင်ပါတယ်။ နေစရာအဆောင်များလည်းသီးသန့်ရှိပါတယ်။

သင်တန်းကြေးတလ စရိတ်ငြိမ်း၂၅၀၀၀ဖြစ်ပြီး စာသင်နှစ်အတိုင်း တနှစ်သင်ကြားပေးပါတယ်။ သင်တန်းပြီးဆုံးရင်လဲအလုပ်အကိုင်ပါရှာဖွေပေးနေတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။ မိဘများလေ့လာပြီးကိုယ့် သားသမီးတွေ ရဲ့ဘဝရှေ့ရေးအတွက် တင်ခိုင်းစေသင့်တဲ့သင်တန်းတစ်ခုပါ။

ဆက်သွယ်ရန်- ၁၀တန်းဖြေဖူးသူ/၁၀တန်းအောင်ပြီး/ကျန်းမာသန်စွမ်းသူ တလ၂၅၀၀၀ကျပ် လိုအပ်တဲ့ ဝတ်စုံ ဖိနပ် ဝယ်ရမယ်

ဦးအောင်ကျော်ခင် လက်ထောက်ညွှန်ကြားရေးမှူး ၀၉၄၀၁၅၅၅၀၈၉ မော်တော်ယာဉ်စက်မှုသင်တန်းကျောင်း