Local

အာမခံရဖုိ႔ ေငြေတာင္းတဲ့ မႏၲေလးက ရဲေတြကို အဂတိမႈနဲ႔ အေရးယူျပီ

ေနျပည္ေတာ္ ဇြန္လ( ၁၄ )ရက္

မႏၲေလး တိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ဂိမ္းဆိုင္တြင္ ဖမ္းဆီးခံခဲ့ရၿပီး မသကၤာမႈျဖင့္ ဖမ္းဆီးျခင္းမဟုတ္ဘဲ ခိုက္ရန္ျဖစ္ပြားေသာအမႈ၌ ပါဝင္သည္ဟု စြပ္စြဲၿပီး ဖမ္းဆီးခံရျခင္း၊ အမႈႏွင့္သက္ဆိုင္ျခင္းမရွိဘဲ မတရားဖမ္းဆီးၿပီး ၫွဥ္းပန္း ႏွိပ္စက္ကာ ပိုက္ဆံေတာင္းခံခဲ့သည့္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမ ရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ား အား စိစစ္အေရးယူေပးပါရန္ ဤေကာ္မရွင္သို႔ တိုင္ၾကားခဲ့ပါသည္။

တိုင္ၾကား စာ အရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရး အဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃) နယ္ေျမရဲစခန္း (ပ)၃၄၉/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၁၁၄ အမႈကိစၥႏွင့္ပတ္သက္၍ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသိန္းႏိုင္က အမႈကိစၥ အဆင္ေျပေစရန္ တရားခံ၏ဖခင္ထံမွ ေငြက်ပ္(၂)သိန္းကို လည္းေကာင္း၊ စခန္းမွဴး ရဲအုပ္ေက်ာ္သူက တရားခံ၏ဖခင္ထံမွ အမႈသက္သာေစရန္ ေငြက်ပ္(၂)သိန္းႏွင့္ အိုးဘိုအက်ဥ္းေထာင္မပို႔ရန္ အတြက္ ေငြက်ပ္(၂)သိန္းတို႔ကိုလည္းေကာင္း၊ အမႈစစ္ ဒုရဲအုပ္ ထြန္းထြန္းလင္းက တရားခံ၏ ဖခင္ထံမွ တရားခံအား မၫႇဥ္းပန္းမႏွိပ္စက္ရန္ႏွင့္ အမႈကိစၥအဆင္ေျပရန္

ေငြက်ပ္ ၁၅၀၀၀ဝိ/- ႏွင့္ ဖမ္းဆီးသိမ္းဆည္းထားေသာ ဆိုင္ကယ္ျပန္လည္ရရွိေရးအတြက္ ေငြက်ပ္ ၂၅၀၀၀ဝိ/- တို႔ကိုလည္းေကာင္း လက္ခံရယူခဲ့ျခင္းတို႔သည္ ရာထူးတာဝန္ကို အလြဲသုံးစား ျပဳ၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ မႏၲေလးတိုင္း ေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ရဲမွဴးသိန္းႏိုင္ (ယခု ဒုတိယခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဥတၱရခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး႐ုံး)၊ ရဲအုပ္ ေက်ာ္သူ(ယခု ကမၻာလွည့္ ခရီးသြား လုံၿခဳံေရးရဲတပ္ဖြဲ႕)၊ ဒုတိယရဲအုပ္ ထြန္းထြန္းလင္း တို႔အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ခ်မ္းေအး သာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမ ရဲစခန္းတြင္ ၁၄-၆-၂၀၁၉ ရက္ေန႔၌ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ ပါသည္။

@ACC Myanmar.

Unicode Version

နေပြည်တော် ဇွန်လ( ၁၄ )ရက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဂိမ်းဆိုင်တွင် ဖမ်းဆီးခံခဲ့ရပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားသောအမှု၌ ပါဝင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရခြင်း၊ အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ကာ ပိုက်ဆံတောင်းခံခဲ့သည့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များ အား စိစစ်အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ဖခင်ထံမှ ငွေကျပ်(၂)သိန်းကို လည်းကောင်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ၏ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ်(၂)သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန် အတွက် ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ ဖခင်ထံမှ တရားခံအား မညှဉ်းပန်းမနှိပ်စက်ရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် ၁၅၀၀၀ဝိ/- နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ် ၂၅၀၀၀ဝိ/-

တို့ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေး သာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းတွင် ၁၄-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ပါသည်။

@ACC Myanmar.