International

တရုတ္မွာ မိုးသည္းထန္စြာရြာလို႔ လူ ၆၁ ထက္မနည္းေသခဲ့ၿပီး လူေပါင္း သံုးသိန္းေက်ာ္ ေနရာေျပာင္းခဲ့ရ

တရုတ္ႏိုင္ငံတြင္ မိုးသည္းထန္စြာရြာသြန္းကာေရႀကီးေရလွ်ံမႈေၾကာင့္ ၆၁ ဦးထက္မနည္းေသဆံုးၿပီး လူေပါင္း ၃၅၀၀၀၀ ခန္႔ကို ေဘးကင္းရာသို႔ေရႊ႕ေျပာင္းေပးခဲ့ရ

တရုတ္ႏိုင္ငံေတာင္ပိုင္းႏွင့္အလယ္ပိုင္းေဒသမ်ားတြင္ မိုးသည္းထန္စြာရြာသြန္းကာ ေရႀကီးေရလွ်ံျဖစ္ပြားမႈေၾကာင့္ ၆၁ ဦးထက္မနည္းေသဆံုးၿပီး လူေပါင္း ၃၅၀၀၀၀ ခန္႔ကို ေဘးကင္းရာသို႔ေရႊ႕ေျပာင္းေပးခဲ့ရေၾကာင္း သိရသည္။

တရုတ္ႏိုင္ငံ၏အေရးေပၚစီမံခန္႔ခြဲမႈေရးရာ၀န္ႀကီးဌာနက ေနအိမ္ေပါင္း ၉၃၀၀ ခန္႔ၿပိဳက်ခဲ့ၿပီး စိုက္ပ်ိဳးေရးေျမေပါင္း ၃.၇၁ သန္းဟက္တာခန္႔ပ်က္စီးခဲ့ရသည့္အတြက္ ေဒၚလာ ၁.၉၃ ဘီလ်ံအထိဆံုးရႈံးမႈမ်ားရွိေနၿပီဟု ဆိုခဲ့သည္။

လူ ၄၃၀၀ ခန္႔ကို ေရႀကီးေရလွ်ံသည့္ေဘးမွကယ္ဆယ္ခဲ့ရၿပီး အေရွ႕ေတာင္ပိုင္းရွိကြမ္တံုျပည္နယ္မွစကာ ယန္က်ီးျမစ္အေပၚဘက္ ပိုင္းတြင္တည္ရွိေသာ အေနာက္ေတာင္ပိုင္းေဒသ၏ခ်ံဳကင္းၿမိဳ႕အထိ ေရလႊမ္းမိုးလ်က္ရွိသည္ဟု သိရသည္။

Credit: Pyi Myanmar

Unicode Version

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းကာရေကြီးရေလျှံမှုကြောင့် ၆၁ ဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၃၅၀၀၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရ

တရုတ်နိုင်ငံတောင်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ၆၁ ဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၃၅၀၀၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံ၏အရေးပေါ်စီမံခန့်ခွဲမှုရေးရာဝန်ကြီးဌာနက နေအိမ်ပေါင်း ၉၃၀၀ ခန့်ပြိုကျခဲ့ပြီး စိုက်ပျိုးရေးမြေပေါင်း ၃.၇၁ သန်းဟက်တာခန့်ပျက်စီးခဲ့ရသည့်အတွက် ဒေါ်လာ ၁.၉၃ ဘီလျံအထိဆုံးရှုံးမှုများရှိနေပြီဟု ဆိုခဲ့သည်။

လူ ၄၃၀၀ ခန့်ကို ရေကြီးရေလျှံသည့်ဘေးမှကယ်ဆယ်ခဲ့ရပြီး အရှေ့တောင်ပိုင်းရှိကွမ်တုံပြည်နယ်မှစကာ ယန်ကျီးမြစ်အပေါ်ဘက် ပိုင်းတွင်တည်ရှိသော အနောက်တောင်ပိုင်းဒေသ၏ချုံကင်းမြို့အထိ ရေလွှမ်းမိုးလျက်ရှိသည်ဟု သိရသည်။

Credit: Pyi Myanmar